Part(25)

2.2K 56 0
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(25)

"အနှစ် မြန်မြန် ဇာတ်ကားကလာတော့မှာ"

အနှစ်တို့ အခု‌တလောလေးမှထွက်ရှိထားသည့် 20th Century Girl (Korea)ကိုကြည့်ရန်အပြေးအလွှားရောက်ရှိလာတာဖြစ်၏။ ဒီဇာတ်လမ်းကို အွန်လိုင်းပေါ်ကနေတွေ့ခဲ့ရတာဖြစ်ပြီး ရုပ်ရှင်ရုံမှာကြည့်ချင်၍ လာကြည့်ကြခြင်းဖြစ်သည်။ အစက အချိန်ကွက်တိချိန်ပြီးထွက်ခဲ့ကြတာဖြစ်ပေမဲ့ ဒီရောက်မှ ဘယ်လိုဖြစ်ပြီးနောက်ကျသွားသည်မသိ။

"အင့်!..."

ရုပ်ရှင်ရုံဘက်သို့ကွေ့သွားရသည့် လမ်းထောင့်မှာလူနှစ်ဦး တိုက်မိသွားကြသည်။ တစ်ဖက်နှင့်တစ်ဖက် မမြင်ရတာမို့ အလောတကြီးထွက်လာတဲ့သူဆိုရင် တိုက်မိတတ်သည်မှာ သဘာဝပင်။

အနှစ်သည် တိုက်မိသူကို တစ်ချက်မော့ကြည့်ကာ တောင်းပန်မိ၏။

"တောင်းပန်ပါတယ်ရှင့်..."

"ဟင်!.."

"ဘုတ်..."

ရှေ့ကလူဆီမှ အာမေဍိတ်သံထွက်သွားသလို နောက်ကပ်ရပ်မှာရှိတဲ့မွန်လေးဆီမှလည်း အသံတစ်သံကြားလိုက်ရ၏။ လှည့်ကြည့်တော့ မွန်လေးသည် ပေါက်ပေါက်ဘူးကိုလွှတ်ချလျက်သားဖြစ်ပြီး ပေါက်ပေါက်တို့သည် ကြမ်းပြင်၌ပြန့်ကျဲကုန်၏။ ပြီးတော့ မွန်လေးမျက်နှာမှာ အံ့ဩမှု၊ဝမ်းနည်းမှုတို့စုနေလေသည်။

"တောင်းပန်ပါတယ်ရှင့်!...မြန်မြန်လာလိုက်တော့ မမြင်ရလို့...ဘာဖြစ်သွားသေးလဲ"

ထိုလူသည် အနှစ်ကိုငေးကြည့်နေပြီး အတော်ကြာမှ ခေါင်းတစ်ချက်ငြိမ့်ကာ...

"ရပါတယ် ဘာမှမဖြစ်ဘူး"

အနှစ်နောက်ကျနေပြီဖြစ်တာကြောင့် ဘာမှမတွေးတောတော့ဘဲ ကျောက်ရုပ်လိုရပ်နေသည့်မွန်လေးလက်ကိုဆွဲကာ ရုံထဲအမြန်ဝင်ခဲ့တော့သည်။

ထိုနေ့က မွန်လေးသည် ရုံထဲမှာ ဝမ်းနည်းစွာ ငိုကြွေးခဲ့သည်။ ဇာတ်ကားက တစ်ကယ်ဝမ်းနည်းဖို့ကောင်းတာပဲဖြစ်၍ အနှစ်ပင်ငိုချင်ချင်ဖြစ်ခဲ့ရသေးသည်။

ထို အချိန်က အနှစ်တစ်ကယ်မသိခဲ့ပါ။ မွန်လေးက ရုပ်ရှင်ကြောင့်ငိုတာမဟုတ်ဘဲ တခြားအကြောင်းအရင်းကငိုစေတယ်ဆိုတာကိုပေါ့။ တစ်ကယ်မရိပ်မိခဲ့ပါ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Donde viven las historias. Descúbrelo ahora