intro

2.4K 117 4
                                    

Fourth

“ကျွန်တော့်နာမည်က fourthပါ .....
Grade 12 တတ်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီးတော့ စာကလွဲရင် Geminiဆိုတဲ့ ကောင်လေးနောက်ကို လိုက်ရတာ သဘောကျတယ်လေ
သူ့ဘက်က ကျွန်တော့်ကို ဘယ်လိုပဲ တုံ့ပြန်ပါစေ ...
ကျွန်တော်ကတော့ မိုးလင်းချိန်ကနေ နေ၀င်တဲ့အခ‌ျိန်ထိ နေမင်းရှိရာဘက်ကိုပဲ မျက်နှာမူနေတဲ့ နေကြာပန်းလေးလိုမျိုး အဲ့ဒီ့ကောင်လေးကိုပဲ တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ကြည့်ရတာကို သဘောကျတာလေ

သူက အတန်းထဲမှာ အမြဲအဆင့်တစ်ပဲရတတ်တဲ့ ကျောင်းရဲ့ဂု‌ဏ်ဆောင်ကျောင်းသားတစ်ယောက် ဖြစ်ပြီး ကျွန်တော်ကတော့ အတန်းရဲ့အညံ့ဆုံးကျောင်းသားတွေကိုရေတွက်လိုက်မယ်ဆိုရင် အမြဲထိပ်ဆုံးက ဗိုလ်စွဲနေတော့တာ
ကျွန်တော့်မှာတော်တဲ့နေရာတစ်ခုရှိတယ်
အဲ့တာက စာစီစာကုံးပဲ
ဘာကြောင့်လဲဆိုရင် ကျွန်တော့်မှာနေ့တိုင်း သူ့အကြောင်းတွေ diary ရေးထားတတ်တဲ့ အကျင့်လေးရှိနေလို့လေ

အင်း သူ့ဆီကမျှော်လင့်ချင်တာဆိုရင်
တစ်နေ့တစ်ချိန်ကျရင်တော့ ကျွန်တော့်ရဲ့ diaryစာအုပ်လေးကို သူဖတ်တာ မြင်ချင်ပါတယ် ပြီးတော့ ကျွန်တော်တို့တွေ ဖတ်ပြီး အတူရယ်မောချင်တယ်

Gemini

“ အမြဲစိတ်ရှုပ်ရတဲ့fourthဆိုတဲ့ ကောင်လေးအကြောင်းလား....!
Grade 9 မှာ သူ့ကိုစသတိထားမိတာလေ
သတိမထားချင်လို့လဲမရဘူး
သူက ကျွန်တော့်ကို အဲ့အသက်အရွယ်လေးနဲ့ ရည်းစာစာလိုက်ပေးခဲ့တာစိတ်ရှုပ်ဖို့လဲ အမြဲကောင်းတယ်
အစက သူနောက်ပြောင်နေတယ်ထင်တာ
ဒါပေမဲ့တဖြေးဖြေးနဲ့  သူကပိုဆိုးလာတယ်
ကျွန်တော်က ယောင်္ကျားလေးတွေကို မကြိုက်တတ်ဘူး
ဒါပေမဲ့သူကပေါ့သေးသေးတော့မဟုတ်ဘူး ဇွဲလဲ လုံး၀မလျှော့ဘူးနော်
Grade12ထိ ကျွန်တော့်နောက်လိုက်တုန်းပဲ
အစကတော့ သူ့ကိုမြင်တိုင်းစိတ်ညစ်ရပေမယ့်
ကြာတော့လည်း မမှုတော့ပါဘူး

သူလဲ ပါပါရာဇီလိုနောက်ကနေ လိုက်ချင်သလိုသာလိုက် ကျွန်တော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ
သူ့အပေါ် သံယောဇဉ်လား...?
ကျောင်းမှာ မြင်တွေ့နေကျသူငယ်ချင်းတွေနဲ့ တန်းတူပါပဲ ....... ကျွန်တော့်ဘက်ကတော့ဘာတစ်ခုမှ ပြောင်းလဲမှာ မဟုတ်ပါဘူးလေ

............#Gemini_Fourth

#Grey

GREY ( Gemini ×Fourth ) Where stories live. Discover now