5

1K 122 7
                                    

" Gem ဖြေးဖြေးလျှောက်ပါ ငါလဲကျတော့မယ် "

ဒယီးဒယိုင်နဲ့လျှောက်နေတဲ့Gemini ရဲ့ ခန္ဓာကိုယ်ကို လဲကျမှာစိုးလို့ fourthက တွဲကာထားသည်။
fourthဘ၀မှာတော့ Gemရဲ့ အရက်မူးတာကို ပထဆုံးမြင်ဖူးခြင်းပင်
အကြောင်းအရင်းကတော့ prom နဲ့ fordရဲ့ ‌ေ‌မြှာက်ထိုးပင့်ကော်လုပ်မှုတွေကြောင့် Gemက party မှာ အရက်တွေတစ်ခွက်ပြီးတစ်ခွက် သောက်ဖြစ်သွားသည်။ ပြီးတော့ ခုံပေါ်မှာ ခေါင်းပင်မ‌ထောင်င်နိုင်‌တာကြောင့် အိမ်သို့ပြန်ခေါ်လာခဲ့ရသည်။

Gem အရက်မူးတာက Fourthကိုလည်း မဆူတဲ့အပြင်

ပါးလေးနှစ်ဖက်ကပါ ရဲတွက်နေပြီး ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေ သေးသည်။

နှစ်ယောက်သား ငှားလားတဲ့ taxiပေါ်ကဆင်းတာနဲ့ fourthပိုက်ဆံရှင်း‌ေနတုန်းမှာပဲ
Gemကအိမ်ခြံတံခါးကိုသွားတွန်းပြီးအသံတွေ ဆူညံအောင်လုပ်ပြီးသောင်းကျန်းနေသေးသည်

Fourth ဘေးအိမ်ကလူတွေက လာပြောမှာဆိုးသည့်အတွက် Gemလက်တွေကို သံတံခါးဆီကနေ ဖြုတ်လိုက်ပြီး သော့ဖွင့်ကာ
အထဲကိုမနည်း ချော့မော့ပြီး ခေါ်ခဲ့ရသည်။

fourthက သူ့ချိုင်းအောက်ကနေ
ဆွဲမထားရသည်မို့ ယားတယ်ဆိုပြီးfourthလက်ကိုဖယ်ကာ
Gemကတခစ်ခစ်ရယ်နေသေးသည်။
fourthကတော့ Gem ပြုတ်ကျမှာစိုးသည့်အတွက် လိုက်ထိန်းနေခဲ့ရ‌သေး

Geminiရဲ့ မမြင်ရတဲ့ဘက်ခြမ်းမှာလည်း ဒီလိုပုံစံမျိုးရှိသေးတာပဲလား .....

သူအိမ်တံခါးတွေကို သေချာသော့ခတ်ပြီးတာနဲ့ စောင့်နေတဲ့Geminiကို လှေထားထစ်တွေကနေ သေချာတွဲခေါ်ခဲ့သည် ။
Gemရဲ့ အခန်းတံခါးကိုလည်းဖွင့်လိုက်ပြီး အိပ်ယာပေါ်မှာသိပ်ပေးဖို့ ခေါ်လာခဲ့တယ်

"Gem ဒီမှာ မင်းအိပ်ယာဆီရောက်နေပြီ "

Gemက အိပ်ယာပေါ်မထိုင်သေးဘဲနဲ့ဒီတိုင်းကြီးတောင့်ရပ်နေတဲ့အတွက် fourthကပဲ အောက်ကိုထိုင်ချခိုင်းလိုက်တယ်

"လာ....မင်း ခြေအိတ်တွေ ချွတ်ပေးမယ်

Gem ရဲ့ ခြေထောက်သွယ်သွယ်တွေဆီက ခြေအိတ်နှစ်ခုကို fourthချွတ်ပေးလိုက်တယ်

GREY ( Gemini ×Fourth ) Where stories live. Discover now