1

1.3K 110 2
                                    

"ဒီနေ့ ဖေဖေနဲ့ စေ့စပ်မယ့်သူရောက်လာလိမ့်မယ်နော် ကောင်လေး "

ဖေဖေဟာ မနက်စာထမင်းစားဝိုင်းမှာ Geminiကို အသိပေးလာခဲ့သည်။

မေမေမရှိတာလည်း ၁၀စုနှစ်ကျော်ရှိပြီမို့
Gemဟာ ဖေဖေ့ကို မကန့်ကွက်ချင်တော့ပါ
ဖေဖေလည်း သူ့ရဲ့ နောက်အိမ်ထောင်မိသားစုနဲ့အတည်တကျဖြစ်သွားတဲ့အချိန်ဆိုရင် သူလည်း ကွန်ဒိုတစ်ခုမှာပဲ ပြောင်းနေမယ်လို့ ဆုံးဖြတ်ထားတာဖြစ်သည် ။ ဒါ့ကြောင့် ဖေဖေ့ရဲ့ နောက်အိမ်ထောင်ပြုခြင်းကိစ္စမှာ တားဆီးပိတ်ပင်တာမျိုးလည်း မလုပ်သလို ဂရုလည်းစိုက်မနေတော့ ။

"သားရော ....
ဖေဖေနောက်အိမ်ထောင်ပြုမယ့်ကိစ္စမှာ အဆင်ပြေတယ်မလား"

"ကျွန်တော် အဆင်ပြေပါတယ် ဖေဖေ ...
တစ်ချို့တွေလည်း နောက်အိမ်ထောင် ပြုနေကြတာပဲဟာ..
တစ်ခုတော့ သားတောင်းဆိုချင်တယ် "

"ဘာလဲ ပြောလေ ....သား"

"ကျွန်တော်နောက်ထပ်ရောက်လာမယ့် အဖေ့ရဲ့မိန်းမဖြစ်သူကိုတော့ အမေလို့ မခေါ်ပါရစေနဲ့ ကျွန်တော့်အတွက်အမေဟာ
သေဆုံးသွားတဲ့ အမေတစ်ယောက်ထဲ မို့လို့ပါ "

Geminiရဲ့ ဖေဖေဖြစ်သူက ဂရုဏာသက်စွာ သူ့သားဖြစ်သူရဲ့ပခုံးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည် ။

"အင်းပါ ......သားရယ်
ဖြစ်စေရပါမယ် "

..........................

"ကျွန်တော်မလိုက်ချင်ဘူး ....ကျွန်တော်ရှက်တယ်မေမေ "

တက္ကစီကားပေါ်က ဆင်းလာပြီး
ကျောင်း၀တ်စုံ၀တ်ထားတဲ့ ကောင်လေးက သူ့ရဲ့အမေဖြစ်သူကို ဂလန်ကဆန်လုပ်နေလေရဲ့

" ဒီထိလိုက်လာပြီးမှ လာပါသားရယ်"

ကျွန်တော့်လို အထက်တန်းကျောင်းတတ်နေတဲ့ကောင်လေးက အမေဖြစ်သူ နောက်အိမ်ထောင်ပြုမယ့်ကိစ္စဟာ ရှက်ဖို့ကောင်းသည်ဟုထင်သည်။
ကျောင်းက သူငယ်ချင်းတွေလှောင်ပြောင်သလို" မင်းအမေက ရည်းစားထားနေတာလား
ငါမြင်လိုက်တယ် နော် fourth"ဟု လာစသည့်အခါအတိုင်း သူအမြဲ ပြန်လည်ချေပသည်
အခုတော့သူမကြိုက်တဲ့အရာကိုမှ အမေကက ပြုလုပ်လာခဲ့သည်။

GREY ( Gemini ×Fourth ) Where stories live. Discover now