12

1.2K 113 12
                                    

မိဘမဲ့ကျောင်းလေးရဲ့ အခန်းလိုက်ကာစတွေကို လျှော်ဖွပ်နေတာက တစ်ဖွဲ့၊ ကျောင်းနံရံတွေကို ဆေးကြောနေတာက တစ်ဖွဲ့ဖြစ်သည်။
ဒီကျောင်းလေးက  ကျောင်းဆောင်အသစ်တွေ ဆောက်ထားတယ်ဆိုပေမဲ့  စွန့်ပစ်ထားတဲ့ကျောင်းကိုပဲ အသစ်ပြန်မွမ်းမံခဲ့ရတာမို့လို့ ကျောင်းရဲ့ တစ်ချို့နေရာတွေက ဟောင်းနွမ်းနေသည်။ စတည်ထောင်တာ မကြာသေးတဲ့အတွက်လည်း လိုအပ်တဲ့နေရာတွေကများပြီး Phi Markနဲ့ သူငယ်ချင်းတွေကတော့ ပိုက်ဆံနဲ့ထောက်ပံ့မှု အပြင် လုပ်အားနဲ့ထောက်ပံ့မှုကိုပါ ကူညီပေးကြမည်ဟု ဆုံးဖြတ်ထားတာပင်။

Fourth ကတော့ ဘာလုပ်ရမှန်းမသိတဲ့အဆုံး Geminiနားမှာ ပဲ အခန်းနံရံတွေကို ဆေးကြောနေလိုက်သည် ။
အရမ်းကြီးပြောင်စင်အောင်မလုပ်တတ်တဲ့အတွက် Geminiရဲ့ အကူညီလည်း မလွတ်။
Geminiက တော့ သူကိုယ်တိုင် အခုလိုမျိုး ပရဟိတလုပ်အားပေးနေရတာမို့ မောနိုင်မပန်းနိုင်...လုပ်ဆောင်နေသည်။

"အောင်းး Phi Mark ...
ခဏလောက်နားရအောင်

အစ်ကိုတွေကတစ်ယောက်မှမနားပေမယ့် ထဖောက်လာသူက Fourth ပင် ။

"ဒီတစ်ခုလေးပဲ ကျန်တာလေFourthရယ်
လာပါ ...

"ကျွန်တော်လက်တွေညောင်းနေပြီ ...လို့

"ဒီ‌ကလေးတော့.....  "

"ရတယ် phi ... Fourth အစားကျွန်တော်လုပ်လိုက်မယ်

Geminiက ပြောလာတာကြောင့် Fourthရင်ထဲ ပီတိတော့ဖြစ်မိသား။

နေ့လည်စာစားတော့လည်း Fourthအတွက် ဟင်းတွေလာထည့်ပေးတဲ့Phi Mark နဲ့ Geminiကြောင့် Fourth ပန်းကန်ထဲမှာ ဟင်းတွေ ပြည့်လျှံနေသည်။

အခန်းနံရံတွေ အလှဆင်ဖို့အတွက်ကတော့ Fourth က အရမ်းစိတ်၀င်စားသည်။
ကလေးတွေအတွက် နံရံဆေးရေးပန်းချီတွေကိုလည်း Fourth သဘောကျသလို ဖန်တီးလိုက်တယ် ။ စုတ်တံကိုတော့ Fourthဘယ်သူ့လက်ထဲမှ အပ်မှာမဟုတ် ။

"Ai Fourth က ဒီနေရာတွေတော်သားပဲ "

Phi Mark ရဲ့ ပခုံးပုတ်ကာပြောလာတဲ့စကားကြောင့် Fourth ပီတိဖြစ်သွားရသည်။

နံရံမှာတော့ ကလေးတွေကြိုက်မဲ့ အရုပ်လှလှလေးတွေ ဆွဲထားလိုက်သည် ။
ကျောင်းရဲ့ အုပ်ချုပ်သူ ဆရာကိုယ်တိုင်ကလည်း သဘောကျနေသောကြောင့်Fourthလည်း ကိုယ့်ကိုယ်ကို အသုံး၀င်တဲ့နေရာရှိသေးလားတောင် တွေးမိတယ် ။

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

GREY ( Gemini ×Fourth ) Where stories live. Discover now