9

930 115 2
                                    

"မင်း ဘယ်နေရာအသုံးကျတာ ရှိလဲ fourth"

Gem မနေ့ကပြောခဲ့တဲ့စကားက fourth နားထဲကို အထပ်ထပ်ကြားယောင်နေခဲ့ပြိီး တစ်ယောက်ထဲနေရင်း နှုတ်ခမ်းကိုပါဆူပြီး စိတ်ကောက်နေမိသည် အထိ
သူလည်းအရာအားလုံးအဆင်ပြေဖို့မျှော်မှန်းထားသော်လည်း တကယ့်လက်တွေ့မှာ လုပ်လိုက်တိုင်းလည်း အဆင်ပြေတာမရှ်ိခဲ့။
ကာယကံရှင်ကိုယ်တိုင်လည်းစိတ်ပျက်တာ အရမ်းပေါ့။ ဒါပေမဲ့လည်း လက်မခ့ချင်လို့မှမရတာ

ပြီးတော့Gemက သူ့ကိုသဘောမကျတဲ့အချက်ကအခုလိုမျိုး ဘာတစ်ခုမှ အဆင်ပြေအောင်မလုပ်တတ်တာလည်း ပါချင်ပါနိုင်လောက်မည်

တကယ်ပဲ မင်းငါ့ကို မျက်စိထဲမြင်လာအောင် ဘယ်လိုလုပ်ရမှာလဲ

အိပ်ယာပေါ်မှာလှဲရင်း ဖုန်းသုံးနေပေမယ့်fourthရဲ့စိတ်အာရုံကတစ်ခြားတစ်ဘက်မှာ ဖြစ်နေသည်

*မနက်ဖြန် ဘယ်သူမွေးနေ့လဲ *

ကောင်မလေးတစ်ယောက်ရဲ့ Twitter Tweetတစ်ခုကိုfourthစိတ်၀င်တစားသေချာကြည့်လိုက်သည်။Tweetထဲမှာက Geminiနဲ့ အတူ post ပိုင်ရှင်မိန်းကလေးတို့က ဓာတ်ပုံအတူတွဲရိုက်ထားသည်။

ထိုမိန်းကလေးက ‌ကျောင်းရဲ့ကောင်စီထဲက အဖွဲ့၀င်ဖြစ်တာကြောင့်စာတော်တဲ့ Gemini နဲ့ရင်းနှီးနေတာက သိပ်မထူးဆန်း
အရင်ကGeminiအကြောင်းတွေ လိုက်စုံစမ်းတုန်းက မွေးနေ့ကို သိထားပေမယ့် အခုတော့ မေ့နေခဲ့သည်။ ဖုန်းထဲက noteထဲမှာ မှတ်ထားတာကိုကြည့်တော့တကယ်ပဲ မနက်ဖြန်ဟာ Geminiရဲ့ မွေးနေ့ဖြစ်နေခဲ့သည်

Gemမွေးနေ့ဆိုတာ အတည်ပြုလို့ပြိီးတာနဲ့ ‌ေမွးနေ့အတွက်တစ်ခုခုလက်‌ဆောင်ပေး ဖို့ မရှိမဲ့ရှိမဲ့ ဉာဏ်လေးသုံးပြီး အပြေးအလွှားစဉ်းစားလိုက်တယ်

ဘာလက်ဆောင်ပေးရင်ကောင်းမလဲ

အရင်ဆုံး လက်ဆောင်အတွက်စဉ်းစားမိပေမယ့်Gemက သိုသိပ်သိပ်ပဲနေတဲ့အတွက် သူ့အကြိုက်ကိုfourthမသိ ..

ကိတ်လုပ်ပေးရမလား ဒါမှမဟုတ်?

ဒါတော့အဆင်ပြေလောက်မည်။ ဘာလို့လဲဆိုတော့အမေက ကိတ်ဆိုင်ဖွင့်ထားတဲ့အတွက် အမေ့ကိုမေးပြီး ကိုယ်တိုင်လုပ်ပေးရမယ် ..
မွေးနေ့ကိတ်ဆိုရင်တော့ Gemလည်း ငြင်းမယ်မထင်မိဘူး

GREY ( Gemini ×Fourth ) Where stories live. Discover now