2

994 110 0
                                    

"Gem...... Gem "

ကျောင်းဆင်းတော့ Fourthဆိုတဲ့ကောင်လေးက သူ့နောက်ကို အပြေးတစ်ပိုင်းနဲ့လိုက်လာခဲ့တယ်

"Gem ခဏရပ်ပါဦး

ပြီးတော့ Gemini လက်မောင်းကို သူ့ရဲ့လက်တွေနဲ့ လာဆွဲပြန်သည်။
စိတ်ရှုပ်သလို အနှီကောင်လေးကိုကြည့်ရင်း Gemခြေလှမ်းတွေကိုရပ်လိုက်တယ်

"ဘာလဲ ...

"Gem ငါပြောစရာရှိလို့

ကောင်လေးအသံက အနည်းငယ်တော့တိုးလျှနေခဲ့သည်။

"ငါ မင်းကိုတောင်းပန်စရာရှိလို့ပါ

"ဘာကိုလဲ

" မင်းအဖေနဲ့ ငါ့အမေကိစ္စက ငါတကယ်မသိတာပါ Gem
ပြီးတော့ ဒီကိစ္စကိုကျောင်းမှာ ဘယ်သူမှမသိအောင် လျှို့ဝှက်ထားပေးပါလား
အထူးသဖြင့် ငါ့သူငယ်ချင်းတွေကိုလည်း မသိစေချင်ဘူး"

Fourthသူ့ကိုယ်သူ Gemအပေါ်အမှားကျူးလွန်လိုက်မှန်းလည်းသိသည်။
ဒါပေမဲ့ သူ့ရဲ့သေရေးရှင်ရေးလိုဖြစ်နေတဲ့အတွက်ကြောင့်သာ။

Geminiက fourthကိုင်ထားတဲ့ သူ့လက်မောင်းကို ဖြုတ်လိုက်တယ်။
Geminiဆိုတဲ့သူက မင်းထင်နေသလိုစကားဖွာတတ်တဲ့သူများထင်နေလား fourth

"ငါ အဲ့ဒါတွေ စိတ်မ၀င်စားဘူး
ပြီးတော့ လိုက်ပြောနေမှာလည်း မဟုတ်ဘူး

"ကျေး...ကျေးဇူးတင်ပါတယ် Gem

"ပြောချင်တာ အဲ့တာပဲမလား
ငါသွားတော့မယ်

" အင်း ဂရုစိုက်ပြီးပြန်

Fourthရဲ့ နောက်ဆုံးစကားမထွက်ရသေးခင်မှာပဲ Geminiက ရှေ့ကို ဦးတည်နေပြီဖြစ်သည်။

Fourthကတော့ Gemရဲ့နောက်ကျောကိုသာကြည့်ရင်း အဝေးမှာကျန်ခဲ့သည်

..........................

စာမေးပွဲလည်းနီးကပ်နေပြီမို့ Aun နဲ့ အတူစာလုပ်ဖို့ Aun အိမ်ကိုပဲ လိုက်သွားခဲ့သည်။
ဒီအတောအတွင်း မင်္ဂလာကိစ္စနဲ့ မအားမလပ်ဖြစ်နေတဲ့ အဖေ့ကိုလည်း မနှောင့်ယှက်ချင်တာကြောင့်ပင်

Fourthကသာ သူငယ်ချင်းတွေကို အသိမပေးချင်ခဲ့ပေမယ့် Aun ကတော့ သူတို့နှစ်ယောက်အကြောင်းကို Gemini နည်းတူအလုံးစုံသိထားခဲ့သည်။

GREY ( Gemini ×Fourth ) Where stories live. Discover now