3

928 114 1
                                    

ဒီနေ့က မင်္ဂလာဆောင်ကိစ္စတွေပြီးတော့ Gem တို့အိမ်ကိုပြောင်းနေရမည့် နေ့ဖြစ်သည်။
အရင်က ကျောင်းမှာတကောက်ကောက်လိုက်ခဲ့ရသမျှ အခုလိုမျိုး တစ်အိမ်ထဲနေရမည့်အဖြစ်ကို သူစိတ်ကူးတောင်မယဉ်ထားခဲ့ ။

ကွန်ဒိုမှာရှိတဲ့ သူတို့ရဲ့ပစ္စည်းအနည်းငယ်ကို
ကားတစ်စီးနဲ့တင်ပြီး ဦးလေးDecha နဲ့Gem တို့အိမ်ကိုပြောင်းရွှေ့လာခဲ့သည်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်သေးတဲ့အ‌ရွယ်တွေဖြစ်တာမလို့ နှစ်ဖက်သားသမီးတွေကတော့ မိဘတွေစီစဉ်တဲ့အတိုင်းသာ နေရသည်။

ဦးလေး Dechaဟာလည်း fourth လိုချင်သမျှ တောင်ဆိုဖို့ သူ့ကိုကတိပေးထားခဲ့သေး
သည်။ ဒါပေမဲ့ fourth အတွက်က သက်သောင့်သက်သာဖြစ်ပြီး အားလုံးနဲ့ အဆင်ပြေဖို့ပဲ တွေးထားသည်။

"သားအတွက် အပေါ်ထပ်မှာ အခန်းရှင်းပေးထားတယ် Fourth"

"ဟုတ်

Gemini အိမ်မှာရှိနေမလားဆိုပြီး fourth ဝေ့ဝဲရှာနေသေးသည်

ဒါမှမဟုတ် အပေါ်ထပ်မှာ များလား !!

"ကျွန်တော် အခန်းထဲကို လွယ်အိတ်လေးတွေ သွားထားဦးမယ် ဦး "

"သွားသွား ...လှေကားကတက်ရင် ဘေးအခန်းနော် Fourth

"ဟုတ် ဦးလေး ....

အမေနဲ့ ဦးလေးရှေ့ကနေ ခါးကိုင်းပြီး fourth အပေါ်ထပ်ရောက်ခဲ့သည်။
ဒီလောက်တိတ်ဆိတ်နေပုံထောက်ရင် Gem အပြင်မှာရောက်နေတာဖြစ်လိမ့်မည်

လှေကားဘေးက အခန်းဆိုတော့ ဒီအခန်းများလား

သူဘေးက အခန်းတစ်ခုကို၀င်လိုက်သည်။
တံခါးက လော့ခ်ျ မချထားတဲ့အတွက် သူ့အတွက် အခန်းဟုပဲ ထင်ခဲ့တယ်

အခန်းထဲရောက်တော့ Gemini ရဲ့ အခန်းဖြစ်နေခဲ့သည်။
စာအုပ်စင်တွေက သပ်ရပ်နေပြီး အိပ်ယာကအစ တွန့်ကြေနေခြင်းမရှိဘဲ လျှော်ထားတဲ့အသစ်စက်စက်လေးဖြစ်ပြီး ဆပ်ပြာနံ့သင်းသင်းလေးတောင် ရနေသည်။

"Gem က နေထိုင်တာကအစ လုံး၀စမတ်ကျတယ်

သူတိုးတိုးရေရွတ်လိုက်ပြီး Gem အခန်းထဲက ဘောင်သွင်းထားတဲ့ ဓာတ်ပုံကို ယူကြည့်လိုက်တယ်

GREY ( Gemini ×Fourth ) Where stories live. Discover now