6

1K 117 2
                                    

Gemini ဒီနေ့ကျောင်းကနေ အိမ်ကို စောစောပြန်ရောက်ခဲ့ပေမယ့်fourthက သူရောက်တဲ့အချိန်အထိ  ပြန်မလာခဲ့သေး။

အ၀တ်အစားတွေလဲလိုက်ပြီးတာနဲ့
Apronကို ခါးမှာ ချည်ကာကျကျနန၀တ်လိုက်ပြီး ရေခဲသေတ္တာထဲက ရှိနေတဲ့ ပင်လယ်စာတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို တုန်ယမ်းဟင်းချက်ဖို့ ပြင်ဆင်လိုက်တယ် စာကလည်း ညမှလုပ်ရမှာဖြစ်တဲ့အတွက် သူဟင်းချက်ဖို့ကိုပဲ အရင်စဉ်းစားမိသည်

Fourthရောက်လာရင်လည်း ဘာမှလုပ်တတ်မှာမဟုတ်တဲ့အပြင် သူ့ကိုတောင် ထမင်းပြန်ခူးပြီးကျွေးရမယ့်အပေါက်

မေမေမရှိဘဲ ဖေဖေနဲ့ပဲ ယောင်္ကျားသား နှစ်ယောက်နေခဲ့ရတာကြောင့် နွေရာသီကျောင်းပိတ်ရက်မှာ ဟင်းချက်သင်တန်းလေးလည်းGemini ပြေးတတ်ခဲ့ဖူးသည်
အိမ်အကူအဒေါ်ကြီးက သူမရဲ့နယ်ကိုပြန်တာပဲဖြစ်ဖြစ် ၊ အကြောင်းကိစ္စရှိလာရင်ဖြစ်ဖြစ် ဖေဖေအတွက် Geminiသာ ချက်ပေးရတယ်

ကျန်တဲ့အချိန်တွေတော့ သူလည်း ကျောင်းစာနဲ့မအားလပ်တဲ့အတွက်ပင်

ဟင်း‌ရည်က ပွက်ပွက်ဆူလာတော့
ဆေးကြောသန့်စင်ပြီးတဲ့ ပုဇွန်တွေကို ဟင်းထဲထည့်လိုက်သည် ပုဇွန်ထုပ်တွေက အနည်းငယ်နီလာပြီး ကွေးသွားပြီဆိုမှ ဟင်းသီးဟင်ရွက်တွေကို ခတ်လိုက်တော့တယ်

Geminiဟင်အိုးကို အာရုံစိုက်နေတုန်းမှာပဲ အိမ်ရှေ့မှာ ကားတစ်စီးလည်းဆိုက်ရောက်လာသည်

အဲ့တာကတော့fourthပင်။

fourthရဲ့ကျောင်းလွယ်အိတ်ကိုကိုင်ကာ ကားပေါ်ကဆင်းလာတဲ့သူကိုလည်း Gemini အဝေးကသာမြင်နေရသည်မို့ သိပ်မမှတ်မိ ။
ထိုသူက မျက်မှန်အမဲကိုလည်းတပ်ထားသေးတဲ့
အပြင် အရပ်ကလည်း တော်တော်ရှည်မယ့်ပုံ

fourthရဲ့ကျောပိုးအိတ်ကို forthလက်ထဲထည့်ပေးလိုက်ပြီးတော့ ထိုလူဟာ
ချက်ချင်းမသွားသေးဘဲ fourthကို တစ်ခုခုပြောနေခဲ့ပြီး ခေါင်းကိုလည်း ပုတ်နေသေးသည်နေကာမျက်မှန်အောက်က အပြုံးတွေဟာလည်း တော်တော် စမတ်ကျနေခဲ့တဲ့အပြင် fourthကလည်း သူ့ကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နဲ့လုပ်နေသေးတယ်
သူများအကြောင်းစိတ်မ၀င်စားတဲ့သူက အခုလိုလိုက်ကြည့်နေမိတာ Geminiသူ့ကိုယ်သူတောင်အံ့ဩပါရဲ့

GREY ( Gemini ×Fourth ) Where stories live. Discover now