Fourthကျောင်းကပြန်လာတဲ့အချိန်မှာ မေမေတို့ရဲ့ ဟန်းနီးမွန်းခရီးသွားကားလေးက အိမ်ရှေ့မှာဆီးကြိုနေတဲ့အတွက် ပျော်ရွှင်သွားသည်။
မေမေမရှိတဲ့သုံးလေးရက်က fourthအတွက် တစ်နှစ်စာလောက်အထိ ရုန်းကန်ခဲ့ရတာဖြစ်သည်။
အမြဲ မေမေ့ရဲ့အရိပ်မှာ အားကိုးပြီးနေလာခဲ့ရတာမို့ သူ့ကိုယ်သူလည်း အင်အားသေးငယ်မှန်း fourthနားလည်သွားမိသည်။အမေလုပ်ပေးကိုင်ပေးတာနဲ့ တစ်သက်လုံးနေလာခဲ့တာမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်းရှိ /မရှိက ၃ရက်၄ရက်အတွင်းမှာ ကောင်းကောင်းသဘောပေါက်သွားသည်
ထိုအခြေအနေအတွင်းမှာ အများကြီး ကူညီပေးခဲ့တဲ့ Gemကိုတော့ အထူးပင်ကျေးဇူးတင်မိပါရဲ့
ဦးလေးDechaကိုလည်း ချီးကျုးချင်မိတယ်
ဘာလို့Gemကို ဒီလောက်ပြည့်စုံအောင် ပျိုးထောင်နိုင်ခဲ့တာလဲလို့လေ“ခြေထောက်က ဘာဖြစ်တာလဲfourth
အိမ်ရှေ့မှာထိုင်မေတဲ့မေမေက fourthဆီရောက်လာပြီး လာကြိုတော့ ကလေးငယ်တစ်ယောက်လို ၀မ်းနည်းမိပြီးfourth မျက်လုံးမှာမျက်ရည်တွေတောင် ဝဲလာရသည်။
“ ချော်လဲထားတာ... ရေချိုးခန်းထဲမှာ
fourthက သူ့အမေရှေ့မှာ အနာတရဖြစ်နေတဲ့ ခြေထောက်ကိုကြည့်ပြီး ပြောနေခဲ့သည်။
ကျွန်တော့်မှာ တကယ်ဘာမှမလုပ်တတ်တာတွေကများသည်။အမေ့ကို ချွဲဖို့ပဲ တတ်ခဲ့တာလေ
“ဖြစ်မှဖြစ်ရလေ ...အဲ့တာ မေမေ့ကို ဘာလို့ဖုန်းမဆက်ရတာလဲ သားငယ်ရဲ့ "
“မေမေစိတ်ပူမှာကြောက်လို့လေ..... ဟင့်
“အို ...သားကလည်း
ဖုန်းတော့ ဆက်ရမှာပေါ့ ...တစ်ခုခုများဖြစ်ရင် ဘယ်လိုလုပ်မလဲဟုတ်ပါသည်။ မေမေကလည်း ကျွန်တော့်ဆို အလိုလိုက်လွန်းသည်။
ကျွန်တော့်ကလည်းတစ်သက်လုံး မေမေအလိုလိုက်တဲ့ဘ၀လေးထဲမှာပဲ နစ်မြောနေခဲ့တာမေမေက သူ့ရဲ့လက်တွေနဲ့ ကျွန်တော့်ကို အလွမ်းပြေဖက်ကာထားပြန်တယ်
မေမေ့ရင်ခွင်လောက်တော့ နွေးထွေးတဲ့ရင်ခွင်ဟာ ယနေ့ထက်ထိ ရှာမတွေ့သေးခဲ့