11

1.5K 130 8
                                    

Fourthတစ်ယောက် စာမေးပွဲဖြေဖို့ အမေပေးတဲ့အဆောင်၊ ယတြာတွေဆီကလွတ်အောင် စနောက်ထွက်ပြေးလာရင်း လှေကားထိပ်မှာ Gemini ရဲ့ ကျောပြင်နဲ့ သူ့ရဲ့နဖူးမိတ်ဆက်လိုက်ရတော့သည်

“Fourthချော်လဲဦးမယ် ဒီကောင်လေးတော့

အမေကတော့သူ့ကိုစိတ်ပူပြီး လှေကားပေါ်ကဆင်းလာပေမယ့် လှေကားထိပ်မှာရပ်နေတဲ့နှစ်ယောက်သားကြောင့် သူမခြေလှမ်းတွေက ပုံမှန်ဖြင့် ဆင်းလာခဲ့သည်။

“သားGem ... Fourthကိုလည်း နည်းနည်းလောက်ကြည့်ပေးလိုက်ပါဦး သူစာမေးပွဲမှာ တလွဲတွေလုပ်လာမှာစိုးတယ်

Geminiက တည်တည်ငြိမ်ငြိမ်နဲ့ အဒေါ် kanyaကို ခေါင်းငြိမ့်ပြလာခဲ့သည်
Fourthက စာမှာ အရမ်းဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် စာလုံးတွေတော့ အမြဲလျှမ်းကာ ‌ကျန်‌တတ်မှန်း  စာအတူ လုပ်ရင်းကGeminiသိထားသည်။

“ကောင်းကောင်းဖြေလာခဲ့နော်
ညနေကျရင် ‌အစ်ကိုDechaကို သွားကြိုပေးဖို့ ပြောလိုက်မယ်

Fourthသည် အမေဖြစ်သူရဲ့ ပါးကို တ၀နမ်းရှိုက်ပြီးမှ သူတို့နှစ်ယောက်လုံး ကျောင်းကိုသွားဖို့ အိမ်မှထွက်ခဲ့တော့သည်။

.....

ဆောင်းရာသီမို့ အနွေးထည်ရှည်ရှည်ကို နှစ်ယောက်သား၀တ်ဆင်ထားရင်းBus ရဲ့ လူလွတ်နေတဲ့ နောက်ဆုံးထိုင်ခုံကို ရွေးထိုင်ကြသည်။

“ မင်း ဘယ်ဘာသာတွေ အဆင်မပြေတာရှိသေးလဲ Fourth"

“ဒီနေ့အတွက်က အဆင်ပြေနေပါပြီ
နည်းနည်းတော့ ရင်တုန်နေတယ်...ဟီး

သွားအတန်းညီလေးတွေ ပေါ်လာအောင်ပြုံးပြနေသူကိုGemခဏလောက်ကြည့်နေပြီးမှ အိတ်ကပ်ထဲက ကျန်နေတဲ့ သကြားလုံးလေးတွေကို သူ့လက်နဲ့ ထုတ်ယူလိုက်သည်

“ရင်တုန်ရင် ဒါလေးတွေ ငုံထားလိုက် ”

အသဲပုံစံ သကြားလုံးတွေ Gemက သူ့လက်ထဲကို
ထည့်လာတော့ Fourth ပြုတ်ကျမှာစိုးသည့်အလား လက်နှစ်ဖက်ဖြင့်သေချာလေး ယူလိုက်သည်။

“အသဲ ပုံလေးတွေပဲ ..ချစ်စရာလေး

Fourthက သကြားလုံးလေးတွေကြည့်ပြီး ပြောနေခဲ့ပေမယ့် မျက်နှာတစ်ခုလုံးပူလာသလိုခံစားရပြီး
မနေတတ်ဖြစ်လာသည့်ကတော့Gemini ပင်

GREY ( Gemini ×Fourth ) Where stories live. Discover now