Part 3.2

2K 271 4
                                    

Unicode
အပိုင်း (၃) ညမီးအိမ်ကိုင်အစောင့် / အိပ်ဖန်စောင့် (၂)

တကယ်ကို တုံးဖန်းပုပိုက် စာဖတ်နေခဲ့သည်။ စလင်ဒါပုံ လက်ချောင်း လုံးလုံးလေးများနှင့် သေသပ်လှသော လက်ဆစ်များနှင့် စာရွက် တစ်မျက်နှာချင်းလှန်နေပြီး မျက်နှာထားသည် အလွန်လေးနက်ပြီး အာရုံစူးစိုက်ထားဟန် အပြည့်ဖြစ် နေသည်။ 

ဖယောင်းတိုင်မီးရောင်သည် မျက်နှာထက်မှ ကောက်ကြောင်းတို့ကို ထင်ထင်ရှားရှား မြင်ရစေပြီး တုံးဖန်းပုပိုက်ကို အနည်းငယ် နူးညံ့သွားစေသည်။ 

သူ၏ မျက်တောင်ရှည်ရှည်များသည် ယပ်တောင်သဖွယ် ထူပိတ်နေပြီး ဖယောင်းတိုင်မီးကြောင့် မျက်နှာထက်တွင် အရိပ်တို့ ဖြာကျနေသလို ပန်းချီကားထဲမှ နတ်သားတစ်ပါး အပြင်ခုန်ထွက်လာသည့်နှယ် လှပနေလေသည်။ 

ဤအချိန်မျိုးတွင်သာလျှင် ဝံ့ကြွားစွမ်းအားကြီးလှသော အနှိုင်းမဲ့ သန့်စင်ဂိုဏ်းချုပ်ကြီးသည် အနည်းငယ် သန့်စင်ကာ အန္တာရာယ်မရှိမှုတို့ကို ထုတ်ပြပေသည်။ သို့သော် သူ၏ ဤပုံစံမျိုးကို မည်သူကမှ မမြင်ဖူးပေ။ 

အကြောင်းပြချက်မရှိစွာ တုံးဖန်းပုပိုက်သည် ပထမစာမျက်နှာအချို့ဖတ်ပြီးနောက် စာဖတ်ခြင်းတွင် တော်တော်လေး စိတ်မပါတော့ပေ။ ထို့ကြောင့် သူသည် ရိုးရှင်းစွာ စာအုပ်ကို ပိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ မတ်မတ်ထိုင်လိုက်သည်။ 

ထို့နောက် လေထုထဲသို့ အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

“အပြင်ဘက်မှာ ညမီးအိမ်ကိုင်အစောင့်လုပ်ဖို့ တာဝန်ပေးထားတဲ့ အစောင့် အခုထိ ရပ်နေတုန်းလား” 

“ဂိုဏ်းချုပ်ကို  ပြန်ဖြေပါတယ် ခွေးနာရီ [26]ထဲက အခုအထိ စောင့်နေတုန်းပါ အချိန်လည်း တော်တော် ကြာနေပါပြီ” 

တုန်းဖန်းပုပိုက် နှာခေါင်းရှုံ့လိုက်သည်။ 

‘အဲဒီခွေးကောင်က တော်တော် ခေါင်းမာတာပဲ’ 

သူပြောခဲ့သည်မှာ ‘ပန်ကျိုးအတွက် ခြံစောင့်ပေး’ ဟူ၍သာ ဖြစ်သော်လည်း ထိုအစောင့်က တကယ်ကြီး ညမီးအိမ်ကိုင်အစောင့်တာဝန်ကို အတည်ကြီး လုပ်နေသည်။ 

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းWo Geschichten leben. Entdecke jetzt