Part 61.2

757 98 2
                                    

အပိုင်း (၆၁) ပြိုင်ဘက်ကင်းသော (၂)

အတိတ်ဘဝက ချစ်ဇောဟုန်

ကောင်းကင်ကို ဖုန်းကွယ်ပြီး မြေပြင်ကို ဖုန်းလွှမ်းထားသည့်အလား မရေမတွက်နိုင်သော အလျင်စလို ဖြစ်နေသော အနမ်းတို့က တုန်းဖန်းပုပိုက်၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စည်းလွတ်ဘောင်လွတ် ကျဆင်းနေသည်။ ရန်လျန်ထင်း၏ မျက်ဝန်းတို့သည် မီးတောက်မီးလျှံတို့ ထတောက်လုမတတ် နီရဲနေပြီး သူ၏ အပြုအမူများသည်လည်း အမူးသမားများ၏ လက်မခံနိုင်ဖွယ်ရာ အပြုအမူမျိုး ဖြစ်လို့နေသည်။

သူသည် ရိုင်းစိုင်းကြမ်းတမ်းစွာဖြင့် တုံးဖန်းပုပိုက်၏ လက်မောင်းနှစ်ဖက်မှ ဆွဲ၍ အိပ်ရာပေါ်သို့ အတင်းပစ်လှဲချပစ်လိုက်သည်။ နှလုံးသားနှင့် မျက်ဝန်းတို့သည် သူ့အောက်မှ အနီရောင်လူသားကြောင့် ကယောက်ကယက်အတွေးများဖြင့် ပြည့်နှက်နေသည်။

သူ ထိုသူကို နမ်းရှိုက်ချင်သည်။ ပွေ့ပိုက်ထားချင်သည်။ ထိုလူ၏ အရာအားလုံးကို အပိုင်ရချင်သည်။

တုံးဖန်းပုပိုက်

သူမည်မျှ ကြာအောင် ထိန်းချုပ်ထားခဲ့ရသည်ကို သူကိုယ်တိုင်နှင့် ဘုရားသာ သိပေမည်။

တုံးဖန်းပုပိုက်မှ သူအပေါ် ခံစားချက်များကို ထုတ်ပြလာကတည်းက သူသည် ကြောက်ရွံ့ပြီး အဓိပ္ပာယ်မဲ့သလို ခံစားရသည်။ တုံးဖန်းပုပိုက်အား မြွေများ ကင်းများလို ရှောင်ရှားခဲ့သည်။ သူ၏ ခံစားချက်များကား စိတ်ကူး၍ပင် မရလောက်အောင် အဓိပ္ပာယ်မရှိဟု ထင်မိလေရာ တုံးဖန်းပုပိုက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုမျိုး မပေးချင်ခဲ့ပေ။

နောက်ပိုင်းတွင် တုံးဖန်းပုပိုက် ရေချိုးနေချိန်တွင် သူ အခန်းထဲသို့ ဖောက်ဝင်သွားပြီး တုံးဖန်းပုပိုက်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ချက်ကို မြင်ခဲ့ရသည်။ ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ ခေါင်းထဲသို့ စီးဝင်လာသလို ခံစားလိုက်ရသည်။

သူ့စိတ်တစ်ခုလုံး ဗလာဖြစ်နေပြီး ကြောင်ငေးငေးကြီး ဖြစ်သွားခဲ့သည်။ နေရာတွင်ပင်ရပ်နေရင်း မည်သည့် အမူအယာမျိုး ဖော်ပြရမည်ကို မသိသလို ဖြစ်သွားခဲ့သည်။ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့လာပြီး အက်ရှလာသလို ခံစားခဲ့ရသည်။

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းWhere stories live. Discover now