Part 31

1.4K 206 1
                                    

31 01

အပိုင်း (၃၁) ပန်းထိုးထည်

တုံးဖန်းပုပိုက်ကို ချောက်ကမ်းပါးအောက်သို့ ဆင်းရန် သွေးဆောင်ခြင်းမှာ ရန်လျန်ထင်း ထင်သည်ထက် ပို၍ ချောမွေ့နေခဲ့သည်။ တုံးဖန်းပုပိုက် လိုက်ကာနောက်မှ လျှောက်ထွက်လာသောအခါ ရန်လျန်ထင်း အကြည့်မလွှဲနိုင်တော့ဘဲ အသက်ရှူရပ်သွားသလိုမျိုး တောင့်တောင့်ကြီး ဖြစ်သွားသည်။ ပုံမှန်အတိုင်း အနီရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သော်လည်း ပုံမှန်အတိုင်း ဆံနွယ်တို့ ဗိုသီဗက်သီကျဆင်းနေခြင်းမျိုး မဟုတ်ဘဲ သေသပ်စွာ သရဖူတစ်ခုကို အသုံးပြု၍ ထုံးဖွဲ့ထားရာ ချောမောသော မျက်နှာကို ပေါ်လွင်နေစေခဲ့သည်။

တုံးဖန်းပုပိုက်၏ မျက်နှာသွင်ပြင် မည်မျှ ပြောင်မြောက်လှပကြောင်း သူသိသည်။ အတိတ်တုန်းက ရန်လျန်ထင်းသည် တမင်သက်သက် တုံးဖန်းပုပိုက်၏ အလှတရားတို့ကို ရှောင်ဖယ်နေခဲ့ခြင်းဖြစ်ကာ လူကိုပါ ပစ်ပယ်မိသွားခဲ့သည်။ ဤသို့ တစ်ချက်ကလေးမှ ကြည့်မပေးခဲ့ခြင်းက တုံးဖန်းပုပိုက်ကို သူ၏ မျက်ခုံး မျက်လုံးတို့ကို ဆေးခြယ်ရန်တွန်းအားပေးလိုက်သလို ဖြစ်လာစေခဲ့ပြီး အမြဲတမ်း မျက်နှာချေအထူကြီးနှင့် လူလည်း မဟုတ် သရဲလည်း မဟုတ်သော ပုံစံမျိုး ဝတ်စားလာစေခဲ့သည်။

သူကိုယ်တိုင်ပင် မှန်ထဲ ကြည့်ဖို့ မရဲတော့အောင်အထိ ဖြစ်လာခဲ့သည်။

တုံးဖန်းပုပိုက်၏ အသားအရေသည် အလွန်ဖြူပြီး နှုတ်ခမ်းတို့က အလွန်ပါးလျသည်။ သူသည် အမြဲလိုလို အေးစက်ဝံကြွားပြီး မောက်မာသော အမူအယာမျိုး ရှိသူဖြစ်သော်လည်း အနက်ရောင်မျက်ဝန်းတစ်စုံကတော့ နေရောင်အောက်တွင် ဖန်သားကဲ့သို့ ကြည်လင်တောက်ပနေခဲ့သည်။

ဆံပင်တို့ကို သန့်စင်ပြီး သေသပ်စွာ ထုံးဖွဲ့ထားသော်လည်း သူ့ပုံစံသည် စာသင်သားတစ်ယောက်ကဲ့သို့ ရည်မွန် ကျော့ရှင်းမှုတို့ဖြင့် တည်ကြည်မနေသလို မည်သို့မျှ တိကျပြတ်သားပြီး လူသတ်ချင်စိတ်တို့ ပြည့်လွှမ်းနေတတ်သော လမ်းလွဲဂိုဏ်းကြီး၏ ဂိုဏ်းချုပ်တစ်ယောက်ဟုလည်း မထင်ရပေ။ ဂုဏ်သရေရှိ အိမ်တော်ကြီးတစ်ခုမှ အလိုလိုက်ခံရသော သခင်လေးတစ်ပါးနှင့် ပိုတူသည်။

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းWhere stories live. Discover now