Part 4

2K 261 3
                                    

Unicode

အပိုင်း (၄) ဝိုင်ချက်ခြင်း 

ရန်လျန်ထင်း အစောင့်တန်းလျားကို ပြန်ရောက်ပြီးနောက် သူ့နားသို့ လူများ အစုလိုက်ကြီး ဝိုင်းရံလာသည်။ 

“ထင်းကျီ မင်းကွာ ဂိုဏ်းချုပ်အတွက် မြှားအစားဝင်ခံပေးဖို့ တအားသတ္တိတွေ ရှိတာပဲကွ” 

“မင်း အဆင်ပြေရဲ့လား မင်းဒဏ်ရာကို ကုပေးဖို့ နတ်ဆေးသမားတော် ပင်းရိကျီ ကိုယ်တိုင် မဟူရာသစ်တော ချောက်ကမ်းပါးကို သွားခဲ့တာလို့ ကြားတယ် အဲဒီလူအိုကြီးက သူ့ရဲနာမည်ကျော် ရွှေဆေးလုံးကို သုံးပြီး ကုပေးခဲ့တာလား” 

“မင်းကိုတော့ ဂိုဏ်းချုပ်က အထင်ကြီးပြီး အမြင်ကောင်းသွားတော့မှာပဲ” 

“ငါတို့ကို ပြောပြ ပြောပြ ဂိုဏ်းချုပ်က မင်းကို ဘာဆုချလိုက်လဲ” 

ရန်လျန်ထင်းကို သိကြသော အစောင့်များနှင့် မသိသော အစောင့်များ အားလုံးနီးပါးသည် သူ့နားတွင် ဝိုင်းနေကြလေသည်။ ဆူညဲစွာဖြင့် ဆက်တိုက် မေးခွန်းများ မေးနေကြသည်။ ရန်လျန်ထင်းသည် သူ၏ ရင့်သန်လှသော ဆန္ဒကို ဆုပ်ကိုင်ထားပြီး တုံးဖန်းပုပိုက်နှင့် မျက်နှာချင်းဆိုင်တွေ့နိုင်ရန် သတ္တိမွေးပြီး ကိုယ့်ကိုယ်ကို အပြင်းအထန် ဒဏ်ရာရသွားမည်ကိုပင် မမှုနိုင်ခဲ့ပေ။ 

အံတင်းတင်းကြိတ်ပြီး အသက်အောင့်၍ ဘာမှ မှားမနေသလို ဟန်ဆောင်လိုက်သည်။ သို့သော် ယခုမှ တန်းလျားကို ပြန်ရောက်ကာစဖြစ်ပြီး ရောက်ရောက်ချင်း ဤလူများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရကာ ရန်လျန်ထင်းသည် အားနည်းချိနဲ့နေကပြီး အိပ်ချင်နေသောကြောင့် အတော်လေး စိတ်တိုလာသည်။ 

သူ့မျက်နှာသည် ဖြူဖျော့နေပြီး အခန်းထဲဝင်၍ အိပ်ရာပေါ်သို့ သွားထိုင်လိုက်ကာ သူတို့ကို ပြုံးပြ၍ 

“ဘာဆုလာဘ်မှမရှိဘူး ဂိုဏ်းချုပ်က ကျုပ်ကို ညမီးအိမ်ကိုင် အစောင့်လုပ်ဖို့ အပြစ်တောင် ပေးခဲ့သေးတယ်” 

“ဆုလာဘ်မရှိဘူး ဟုတ်လား မဖြစ်နိုင်တာ မင်း ဒီလောက် ကြီးမားတဲ့ အကျိုးပြုမှုကြီး လုပ်လိုက်တာတောင်မှလေ မင်းသေတော့မလို ဖြစ်သွားတာတောင်မှလေ .....” 

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းDonde viven las historias. Descúbrelo ahora