Part 52

881 122 0
                                    

အပိုင်း (၅၂) ကြီးကြပ်ရေးမှူးချုပ်

ရန်လျန်ထင်းသည် တုံးဖန်းပုပိုက်ထက် မဆိုသလောက်လေး အရပ်ပိုရှည်လေသည်။ နှစ်ယောက်သား အတူရပ်နေကြချိန်တွင် အလွန်ကို ကြည့်ကောင်းလေသည်။ ရန်လျန်ထင်းမှာ အရပ်ရှည်ရှည်နှင့် သန်မာသော အမျိုးသားတစ်ယောက်အသွင်ရှိပြီး တုံးဖန်းပုပိုက်သည်တော့ ပိန်ပါးပြီး သန့်စင်သည့် အသွင်အပြင်ရှိလေသည်။

လက်တိုလက်တောင်းဂိုဏ်းသားငယ်လေးသည် သူတို့နှစ်ယောက်အား ကြောင်ကြောင်ကြီး ငေးကြည့်နေကာ ခနလောက်ကြာအောင် စကားတစ်ခွန်းမှ မဆိုနိုင်ဖြစ်နေ၇ျာသည်။ တုံးဖန်းပုပိုက်က ထိုကောင်လေးကို မကြည့်ပေ။ သူ၏ အာရုံအလုံးစုံသည် ရန်လျန်ထင်းအပေါ်တွင်သာ အပြည့်အဝ နှစ်ဝင်နေလေသည်။

ရန်လျန်ထင်းအား ကူကယ်ရာ မဲ့စွာဖြင့် ငေးကြည့်နေပြီး ရိုးရှင်းစွာ ပြုံး၍သာ နေလိုက်သည်။ ခေါင်းယမ်း၍ ကြည်လင်ပေါ့ပါးသော အသံဖြင့်

"လျန်တိ ဒီအစေခံလေးတစ်ယောက်နဲ့ ဘယ်လိုဖြစ်လို့ ရုတ်တရက် ပြိုင်ချင်သွားရတာလဲ"

"ဟားဟားဟား"

ရန်လျန်ထင်း ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး တုံးဖန်းပုပိုက်၏ လက်ကို ဆွဲ၍ ခေါ်သွားလိုက်ပြီး

"တုံးဖန်း မင်း နားမလည်ပါဘူး ကိုယ်က ကိုယ့်ရဲ့ ရာထူးကို လူသိအောင် ကြေငြာနေတာ"

'ရာထူးကို လူသိအောင် ကြေငြာတာ...'

တုံးဖန်းပုပိုက် ခနလောက် ရှုပ်ထွေးသွားပြီး ရန်လျန်ထင်း၏ ဖုံးဖိမထားသော မျက်ဝန်းများကို မြင်လိုက်ချိန်တွင် သဘောပေါက်သွားကာ ပါးပြင်များ နီရဲလာပြီး ချောင်းဟန့်လိုက်သည်။ အပြင်လူတစ်ယောက်၏ ရှေ့တွင် ဤသို့ လုပ်ခြင်းမှာ မသင့်တော်ဟု ထင်နေသော်လည်း နှလုံးသားတစ်ခုလုံး ပျားရည်အိုး လောင်းချခံလိုက်ရသလို ချိုမြလာသော ခံစားချက်ကို မထိန်းချုပ်နိုင်ပေ။

"ကောင်းပါပြီ ပြန်ကြစို့လေ"

ရန်လျန်ထင်း တုံးဖန်းပုပိုက်၏ လက်ဖျားလေးကို ညစ်လိုက်ပြီး

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းOpowieści tętniące życiem. Odkryj je teraz