Part 43

875 122 1
                                    

43 01

အပိုင်း ()၄၃ အလင်းသံတမန် [1]

"အကြီးအကဲထုံ အကြီးအကဲက ကျွန်မကြီးပြင်းလာတာကို ကိုယ်တိုင်မြင်ခဲ့တဲ့သူပါ ယင်းယင်းက ဘယ်လိုများ အဲလိုလုပ်ရပ်မျိုး လုပ်နိုင်..."

ရန်ယင်းယင်း ဝမ်းနည်းသွားပုံဖြင့် ခေါင်းငုံ့လိုက်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူမပုံစံသည် အလွန်အမင်း စိုးရိမ်နေပုံဖြင့် သနားချင်စဖွယ်ဖြစ်နေလေသည်။ သူမမျက်ဝန်းအစုံသည် နီရဲယောင်ကိုင်းနေပြီး

"တုံးဖန်းရှူးရှူး က အခုဆို မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်နေပြီ သူက အဲဒီရန်လျန်ထင်းဆီကနေ လှည့်စားခံရပြီး သူ့မိသားစုကိုတောင် ဂရုမစိုက်တော့ဘူး"

"ယင်းယင်းနားနဲ့ဆက်ဆက်ကြားခဲ့တာ တုံးဖန်းရှူးရှူးက ဇာတိကိုပြန်ပြီး ရန်လျန်ထင်းနဲ့ပဲ တံခါးပိတ်နေတော့မယ်လို့ ပြောနေတာ"

ရန်ယင်းယင်း သူမ၏ ပိုးလက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ထားပြီး အသံအနည်းငယ်မြှင့်လိုက်ပြီး

"တုံးဖန်းရှူးရှူးက အခုဆို အနှိုင်းမဲ့ဂိုဏ်းကြီးရဲ့ အနိမ့်အမြင့် ဂိုဏ်းသားထောင်ချီကို အဲဒီအပျော်လင်တစ်ယောက်အတွက်နဲ့ လျစ်လျူရှုထားလိုက်ပြီ တကယ်လို့ ရန်လျန်ထင်းဆိုတဲ့ကောင်မှာသာ လှည့်ဖျားတတ်ပြီး ကောက်ကျစ်တဲ့စိတ်ဓာတ်မျိုး ရှိနေရင် ကျွန်မတို့ရဲ့ အနှိုင်းမဲ့ဂိုဏ်းကြီးတစ်ခုလုံး အခြေခံပျက်အောင်ထိ ဖြစ်မသွားဘူးလို့ ပြောနိုင်မလား"

ထံပိုင်ရှုံး ထိုစကားများနားထောင်ပြီးနောက် ရုတ်တရက်ထရပ်လိုက်သည်။ မျက်လုံးများ ပြူးကျယ်နေပြီး ဒေါသတကြီးဖြင့် မေးသည်။

"မင်းပြောသွားတာ အားလုံးအမှန်ပဲလား အမှန်ပဲလား ဂိုဏ်းချုပ်က ဂိုဏ်းအရေးကိစ္စတွေ အားလုံးဘာမှဂရုမစိုက်တော့ဘဲ အဲဒီလူယုတ်မာ အပျော်လင်ကောင်နဲ့ အကုန်လုံးစွန့်လွတ်ပြီး သီးသန့်နေတော့မယ်ပေါ့လေ"

ထုံပိုင်ရှုံး ဒေါသကြီးသွားပြီး သူ့ရှေ့မှ စားပွဲကို အစိတ်စိတ်အမွှာမွှာကွဲထွက်သွားအောင် လက်သီးနှင့်ထိုးလိုက်သည်။ သစ်မာစားပွဲကြီး ကွဲထွက်သွားပြီးနောက် ရုတ်တရက် ထုံပိုင်ရှုံးသည် အသံဝါကြီးဖြင့် အော်ဟစ်၍ ပြောပြန်သည်။

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းWhere stories live. Discover now