Part 53

916 130 2
                                    

အပိုင်း (၅၃) ကပ်ဆိုးကြယ်

"လောင်ထုံ မင်းဘာလို့ ဂိုဏ်းချုပ်ကို မဖြောင်းဖျတော့တာလဲ"

အကြီးအကဲချန်သည် ထိုင်မချခင် လေးလံစွာ သက်ပြင်းချလိုက်သည်။ ထုံပိုင်ရှုံးအား အကြည့်တစ်ချက် ပေးလိုက်ပြီး သောကရောက်စွာ ပြောသည်။

"ဂိုဏ်းချုပ်က အဲဒီ နှိမ့်ကျတဲ့ ရန်လျန်ထင်းကို အရမ်းတွေ မျက်နှာသေးပေးပြီး ယုံကြည်နေတယ် အခုကျတော့ အဲဒီကောင်ကို ကြီးကြပ်ရေးမှူးချုပ်ရာထူးတောင် ပေးလိုက်ပြန်ပြီ လောင်ထုံ အဲဒီ ရာထူး ဘယ်လောက်တောင် အရေးပါလဲဆိုတာ မင်းရော ငါရော ကောင်းကောင်းသိတယ်နော်"

"အရေးကြီးကိစ္စတွေရော အရေးမပါတဲ့ ကိစ္စသေးသေးလေးတွေကအစ ကြီးကြပ်ရေးမှူးချုပ် ခွင့်ပြုပေးမှ လုပ်ခွင့်ရတော့မှာ ဒီအာဏာမျိုးက အဲဒီ ရန်လျန်ထင်းလက်ထဲမှာ ရှိနေလို့ မဖြစ်ဘူး သူ့မှာ ဘာမှ မရှိဘူး အရည်အချင်းရော အရည်အသွေးရော ဘာတစ်ခုမှ မရှိဘူး သူက ဒီအတိုင်းကစားစရာ ကောင်ငယ်လေးသာသာပဲရှိတာကွ..."

အကြီးအကဲချန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောတော့မည့်အချိန်တွင် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ အခန်းထဲသို့ ကြောက်ရွံ့စွာ လှည့်ပတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ လက်ဖက်ရည်ခွက်ကိုမြှောက်ကာ တစ်ငုံသောက်လိုက်သည်။

ထုံပိုင်ရှုံးသည် သူ့ဘေးတွင် ထိုင်နေပြီး ခနလောက် တိတ်ဆိတ်နေပြီးနောက် လှောင်ပြောင်ဟန်စွက်နေသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ ထို့နောက် ကျယ်လည်းမကျယ် တိုးလည်းမတိုးသော အသံဖြင့် ပြောလိုက်သည်။

"မင်းအခု ကျုပ်ကို ပြောတဲ့ စကားတွေကို ဘာလို့ အခုချက်ချင်း ဂိုဏ်းချုပ်ကို သွားမပြောလိုက်တာလဲ"

"မင်း..."

အကြီးအကဲချန်တစ်ယောက် သီးသွားပြီး ထုံပိုင်ရှုံးအား ခံပြင်းစွာ လက်ညှိုးထိုးလိုက်သည်။

"လောင်ထုံ မင်း ဘာကိုပြောချင်တာလဲ မင်းကမှ ဂိုဏ်းချုပ်နဲ့ ရန်လျန်ထင်းတို့ ဆက်ဆံရေးကို အဆန့်ကျင်ဆုံး လူမဟုတ်ဘူးလား မင်းက အခုမှ မင်းညီလေး ကျုပ်ကို ဘာအတွက် လာအပြစ်တင်နေတာလဲ"

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းTempat cerita menjadi hidup. Temukan sekarang