Part 50

1K 132 1
                                    

50 01

အပိုင်း (၅၀)ဒဏ်ရာများ

တုံးဖန်းပုပိုက် ပြန်ရောက်လာသော အချိန်တွင် ထုံပိုင်ရှုံးသည် ရှုပ်ထွေးနေသော အမူအယာဖြင့် ရပ်နေသည်ကို မြင်လိုက်ရလေသည်။ မျက်မှောင်ကြုံ့သွားပြီး ပြောတော့မည့်အချိန်တွင် ရန်လျန်ထင်းက သူရောက်လာသည်ကို သတိထားမိသွားပြီး ထုံပိုင်ရှုံးအား အလျင်စလို ပြောလိုက်လေသည်။

"အကြီးအကဲထုံ အခုက တော်တော် နောက်ကျနေပါပြီ အရင်ဆုံး ပြန်လိုက်တာ ပိုကောင်းပါတယ်"

"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"

ထုံပိုင်ရှုံး တုံးဖန်းပုပိုက်ကို အရင်ဆုံး ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ တံခါးဆီသို့ ရောက်ပြီး နောက်ပြန်လှည့်ကာ ရန်လျန်ထင်းကို ကြည့်လိုက်ပြီး

"ညီအစ်ကိုရန် ဒီနေ့ရဲ့ ကတိကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ထုံပိုင်ရှုံး လက်သီးကို လက်ဖဝါးထဲ ထည့်ဆုပ် အရိုအသေပေးပြီး အိပ်ခန်းထဲမှ ထွက်သွားလေတော့သည်။ ရန်လျန်ထင်းသည် ထုံပိုင်ရှုံး၏ နောက်ကျောကို ကြည့်၍ မိန်းမောနေသလို အတွေးထဲ နစ်နေခဲ့လေသည်။ တုံးဖန်းပုပိုက်သည် သူ၏ အမူအယာများကို သတိထားမိခဲ့ပြီး ထုံပိုင်ရှုံးတစ်ယောက် မနှစ်မြို့စရာများ ပြောသွားသည်ဟု ထင်သွားရှာသည်။

စိတ်လှုပ်ရှားပူပန်သွားလျက် ရှေ့သို့ မြန်မြန်တိုးသွားပြီး

"လျန်တိ ထုံပိုင်ရှုံးက လျန်တိ မကြားချင်တာ တစ်ခုခု ပြောသွားလို့လား လျန်တိ သူပြောသွားတာတွေကို စိတ်ထဲ မထားနဲ့နော်"

"မဟုတ်သေးဘူး သူမင်းကို တကယ်ကြီး စော်ကားမော်ကား ပြောသွားရင် ကိုယ်...."

တုံးဖန်းပုပိုက်၏ မျက်ခုံးတို့ ပို၍ တွန့်ကုတ်သွားပြီး သတ်ဖြတ်စိတ်တို့ တိုးထွက်လာသည်။

ရန်လျန်ထင်းသည် သူ့အတွေးနှင့်သူ ကျယ်လောင်စွာ အော်ရယ်လိုက်မိသွားသော်လည်း သူ့ရှေ့တွင် ရပ်နေသော အလွန်စိတ်လှုပ်ရှားနေသူကို မြင်ပြီး ကျိတ်၍ သက်ပြင်းချလိုက်မိသည်။ ရင်နာနာဖြင့် အသာအယာ ခေါင်းယမ်းပြလိုက်ကာ

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းDonde viven las historias. Descúbrelo ahora