Part 66

1.8K 127 5
                                    

အပိုင်း (၆၆) ဘဝများ

ညနက်နက်တွင်....

အပြင်ဘက်မှ ပုရစ်အော်သံများ ကြားနေရသည်။ မျက်လုံးများမှိတ်နေပြီး ရန်လျန်ထင်း အိပ်ပျော်တော့မည့်အချိန်တွင် သူ့ဘေးမှ တုံးဖန်းပုပိုက် လှုပ်ရှားသွားသည်ကို ခံစားမိလိုက်သည်။ သူ၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားပြီး မျက်လုံးဖွင့်၏။

သူထထိုင်လိုက်သည်ကို သတိထားမိသွားပြီး ရန်လျန်ထင်း အကျင့်ပါနေသည့်အတိုင်း လှမ်းဆွဲ၍ တုံးဖန်းပုပိုက်အား ဖက်ထားပြီး ဘာဖြစ်သလဲဟု မေးချင်ခဲ့သည်။ သူ့မျက်လုံးများ အပြည့်အဝမပွင့်သေးခင်တွင် သက်ပြင်းချသံကို ကြားလိုက်ရသည်။

အတွင်းခန်းထဲတွင် ထိုအသံသည် အတော်လေး ကျယ်သည်ဟု ဆိုနိုင်လေသည်။ အခန်းမှာ အလွန်တိတ်ဆိတ်နေလေရာ ဖယောင်းတိုင်မီးတောက်သံ တဖျစ်ဖျစ်ကိုပင် ကြားနေရသည်။ ရန်လျန်ထင်း ရင်ခုန်သွားသော်လည်း မျက်လုံးမဖွင့်နိုင်သေးပေ။

တုံးဖန်းပုပိုက် ပြန်လှဲလိုက်သည်ကို ခံစားမိလိုက်ပြန်ပြီး သူ၏ ဆံပင်အဖျားတို့က သူ့(ရန်လျန်ထင်း)မျက်နှာအား သွား၍ ထိခတ်သွားရာ အနည်းငယ် ယားကျိကျိဖြစ်သွားသည်။ တုံးဖန်းပုပိုက် ရယ်လိုက်သံကို ကြားလိုက်ရသည်။ အသံတိုးတိုးဖြင့် သူ့ကိုဘ်သူ ပြောနေသံကို သူကြားလိုက်ရပြန်သည်။

"ငါ့ရဲ့ အတိတ်ဘဝတုန်းကတောင် ငါ နောင်တမရတာ ဒီဘဝမှာ ဘာကိုများ ဂရုစိုက်ရဦးမှာလဲ"

'အတိတ်ဘဝ'

ဤအခိုက်အတန့်တွင် ရန်လျန်ထင်း အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။ အသက်ပြင်းပြင်းရှူရန် ကိုယ့်ကိုယ်ကို အတင်းဖိအားပေးလိုက်ပြီး လက်နှစ်ဖက်ကလည်း ထိန်းမရအောင် တုန်ယီလာသည်။ သူ့မျက်လုံးများကို အတင်းဖွင့်လိုက်ပီဲး တုံးဖန်းပုပိုက်၏ မျက်ဝန်းနက်နက်များထဲသို့ စိုက်ကြည့်လိုက်သည်။

ရန်လျန်ထင်း၏ မျက်လုံးများ နီရဲနေပြီး လည်ပင်းတို့ ခြောက်သွေ့လာသည်။

"တုံးဖန်း ပြော ကျေးဇူးပြုပြီး ပြန်ပြောပေးပါဦး..."

သွေးများ ဆောင့်တက်လာပီဲး အသက်ရှူရပ်သွားမလို ဖြစ်နေကာ လည်ပင်းတို့ကလည်း ပြင်းပြင်းထန်ထန် ခြောက်သွေ့လာသည်။ ရင်ဘက်ထဲမှ နှလုံးကလည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ခုန်လှုပ်နေသည်။ တုံးဖန်းပုပိုက်၏ လက်ကို ဆတင်းကြပ်စွာ ဆုပ်ကိုင်၍ သူ့ဘက်ပါလာအောင် ရန်လျန်ထင်း ဆွဲယူလိုက်သည်။ မျက်ဝန်းများ စူးရှနေပြီး အသံတို့က အက်ကွဲနေကာ မယုံနိုင်သလို ထပ်ပြောသည်။

တုန်းဖန်းပုပိုက်ရဲ့ ပြန်လည်မွေးဖွားလာသော ရန်လျန့်ထင်းWhere stories live. Discover now