" စိတ်ရင်းနဲ့တောင်းပန်ပါတယ်
ဒါပေမယ့် အစ်ကို့ကို တကယ်အစ်ကိုအရင်းလိုပဲ သဘောကျတာမို့ "Jiwoongက အရက်ခွက်ကို တစ်ကျိုက်တည်းမော့သောက်ပစ်တယ် ။ ခပ်ဖြူဖြူအသားအရေဟာ အရက်ရှိန်ကြောင့် နီဆွေးစပြုလို့ ။
နေ့လည်တုန်းက သူအငြင်းခံခဲ့ရတာကို ပြန်တွေးမိပြီး Jiwoongရင်ထဲက ဆစ်ခနဲနာတယ် ။ ရင်ဘတ်ထဲက အနာကို ဖြေလျော့စေဖို့ တစ်ခွက်ပြီးတစ်ခွက်သောက်ချနေပေမယ့် နည်းနည်းတောင် မပြေသွားတဲ့အပြင် ပိုပြီးတော့တောင်ဆိုးဝါးလာတဲ့ ခံစားချက် ။
လူတွေက မူးလာရင် အသိစိတ်ပျောက်တယ်ပဲခေါ်မလား ၊ ပိုပြီးရိုးသားလာတယ်လို့ပဲအကောင်းမြင်ပေးမလား ။ Jiwoongကတော့ အလွတ်ရနေပြီးသား Matthewဖုန်းနံပါတ်ကို မချိတင်ကဲဆက်မိပါတယ် ။
" Matthewလေးလား "
" ဟုတ်တယ် Jiwoong Hyung ... ညဘက်ကြီး မအိပ်သေးဘူးလားနော် "
Matthewအသံက ဘာကြောင့်မှန်းမသိ တိုးတိုးလေး ။ Jiwoongက ပိုပြီးတော့တောင် ရင်ကွဲရပါတယ် ။
" Matthew မင်းလိမ်နေတာမလား
ဘာလို့ ကိုယ့်ကို သဘောမကျတာလဲ
ကိုယ်ကလွဲပြီး မင်းမှာ သဘောကျရမယ့်သူရောရှိလို့လား ... "" မူးနေတာလား "
Jiwoong မူးနေတယ်ဆိုတာကို အကင်းပါးတဲ့ Matthewလေးက ရိပ်မိသွားပုံပါပဲ ။ ဘာစကားမှပြောမလာတာမို့ အသက်ရှူသံလေးက ညှင်းညှင်းတိုးတိုး ။
" ဟုတ်တယ် ...သောက်နေတာ
Matthewခွဲခဲ့တဲ့ အသဲကို အရက်နဲ့စိမ်ထားမလို့ "" အဟက် ...Kim Jiwoongက စောက်ရူးအလုပ်တွေလုပ်နေတာပဲ "
ဖုန်းထဲက ပီပီသသကြားလိုက်ရတဲ့ အသံကြောင့် Jiwoongလက်သီးဟာတင်းခနဲဆုပ်မိလျက်သား ။ ဒါ ဘယ်နည်းနဲ့မှ Matthewလေးအသံမဟုတ်ဘူး ။
" ပြောပါဦး ညကြီးအချိန်မတော် သူများကောင်လေးဆီဖုန်းဆက်ရတဲ့ ရည်ရွယ်ချက်ကဘာများလဲ "
Jiwoongက ခေါင်းကို ဆတ်ခနဲခါရမ်းရင်း Matthewနံပါတ်မှန်မမှန်အတည်ပြုတယ် ။
မျက်လုံးအမြင်အာရုံတွေက ဝေဝါးနေပေမယ့် နံပါတ်ကမှားမနေပါ ။

YOU ARE READING
𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 )
Fanfiction𝑻𝒉𝒆𝒚 𝒔𝒂𝒚 𝒆𝒗𝒆𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆 𝒉𝒂𝒔 𝒕𝒉𝒆𝒊𝒓 𝒕𝒓𝒖𝒆 𝒄𝒐𝒍𝒐𝒖𝒓𝒔. 𝑺.𝑯𝒂𝒏𝒃𝒊𝒏'𝒔 𝒊𝒔 𝒅𝒆𝒆𝒑 𝒓𝒆𝒅. 𝑲.𝑱𝒊𝒘𝒐𝒐𝒏𝒈'𝒔 𝒊𝒔 𝒅𝒂𝒓𝒌 𝒓𝒆𝒅. 𝑺.𝑴𝒂𝒕𝒕𝒉𝒆𝒘'𝒔 𝒊𝒔 𝒘𝒊𝒏𝒆 𝒓𝒆𝒅. 𝑻𝒉𝒆𝒚 𝒂𝒓𝒆 𝒂𝒍𝒍 𝑹𝑬𝑫 𝑭𝑳𝑨...