RED : The Mahogany hatred

865 118 15
                                    

" ဟဲ့ ငါ့အမက Samsungမှာ အလုပ်ဝင်နေတာသိတယ်မလား ။ ဒီမှာကြည့် သူခိုးရိုက်ပေးထားတဲ့ Jiwoong sunbaebim ပုံ "

" အား ချောလိုက်တာ ၊ ကြည့်ပါဦး ။ အိပ်မက်ထဲက မင်းသားလေးလိုပဲ ။ သူ့လိုကောင်လေးကိုသာရမယ်ဆို ငါတော့ တစ်သက်လုံး ကူလီပါထမ်းကျွေးပစ်ဦးမယ် "

"နင်က Seok Matthew လား
နင့်အဆင့်နင်သိစမ်းပါ "

Hoodieအနက်ကြီးဝတ်ထားတဲ့ Matthewက အနေရခက်လာတာမို့ ခေါင်းစွပ်ပါစွပ်ထားလိုက်ရင်း Canteenစားပွဲပေါ် မှောက်အိပ်လိုက်သည် ။

" ဘာလို့ ကိုယ့်ကို သဘောမကျတာလဲ
ကိုယ်ကလွဲပြီး မင်းမှာ သဘောကျရမယ့်သူရောရှိလို့လား "

Jiwoong Hyungမူးပြီး သူ့ကို ဖုန်းဆက်တဲ့ညတုန်းက မေးခဲ့တဲ့စကား ။ Matthewမှာ အဖြေမရှိခဲ့ ။ Jiwoong Hyungက သူ့အပေါ် တကယ်ကောင်းတဲ့ အစ်ကိုတစ်ယောက်ဖြစ်သလို သူပင်ပန်းနေချိန် အနားနားရှိနေပေးသည့် တစ်ဦးတည်းသော Seniorလဲဖြစ်သည် ။

အဲ့တာကြောင့် Jiwoong Hyungကို ငြင်းလိုက်ရတာ Matthewအတွက် အတော်လေးကို နောင်တရစရာကိစ္စတစ်ခုဖြစ်ခဲ့သည် ။ ဒါပေမယ့် ဒီအားနာစိတ်မှာ လှေနံနှစ်ဖက်နင်းချင်သော စိတ် မြူတစ်မှုန်တောင်မရှိမှန်း Matthewက ကျိန်ရဲပါသည် ။

ဒီအတိုင်း အစ်ကိုလို သူငယ်ချင်းလိုခင်ရသော လူတစ်ဦးဆုံးရှုံးသွားလိုက်ရလို့ စိတ်မကောင်းတာသက်သက်ပါပဲ ။

Matthewရဲ့ နှလုံးသားက Sung Hanbinအတွက်ပဲ အလုပ်လုပ်တာမို့လေ .. ။
ကိုကိုကတော့ သူ့ကို စတွေ့ကတည်းက လိုက်,စပြီး ဂျင်းထည့်ခဲ့ပေမယ့်လို့ပေါ့ ။

Sung Hanbinဆိုတဲ့နာမည်ကြားရုံနဲ့ ပြုံးမိနေတဲ့ Matthewက တကယ့်ကို အချစ်ရူးလေးပါပဲ ။ တစ်နေ့မှာ ၂၄နာရီချစ်ရတာ မလုံလောက်လို့ နောက်တစ်နေ့ကပါ ၃နာရီလောက်ချေးငှားပြီး ချစ်ချင်သည်အထိလေ ။

Matthewအတွေးတွေက ကိုကိုနဲ့စတွေ့ခဲ့တဲ့အတိတ်ကို တလွင့်လွင့် ။

•~•

" Wait, why is my wifi not loading? I need an access to uni map tho "

Matthewက ခေါင်းကိုကုတ်ရင်း Englishလို တိုးတိုးညည်းမိတယ် ။ Canadaမှာ ပထမနှစ်၃လတက်ခဲ့ပေမယ့် Koreaကိုပြောင်းဖို့ဖြစ်လာတဲ့ Matthewအတွက် ဘာသာစကားကစလို့အခက်အခဲများလွန်းလှသည် ။

𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 ) Donde viven las historias. Descúbrelo ahora