" ကိုကို တအားနာနေခဲ့မှာပဲ ၊ ကြည့်ပါဦး .."
ဘယ်လိုမှ တားမရတဲ့ Matthewက ညကျတော့ အိမ်ရောက်လာတာပါပဲ ။ Hanbinမျက်နှာက ဖူးယောင်နေတာတွေကို လက်နဲ့တို့ကြည့်ရင်း Hanbinအစား မျက်ရည်တွေဝဲလို့ ။
" Matthewလေး .. တအားမဖိနဲ့ နာလို့နော် "
တမင်တကာ အားနည်းတဲ့အသံလေးလုပ်ရင်း Hanbinက ပြုံးမဲ့မဲ့ပြောတယ် ။ တကယ်က နာလို့ဆိုတာထက် တစ်ယောက်ယောက်က သူ့မျက်နှာကို ကိုင်နေတယ်ဆိုတဲ့ ခံစားချက်ကိုမကြိုက်လို့ပါ ! အဲ့ဒီ့လူက Matthewဆိုရင်တောင်မှပေါ့ ။
နာတာကတော့ တကယ်ပါ ။ သွေးပူနေလို့ သိပ်မသိသာခဲ့ပေမယ့် အခုလို အချိန်ကြာလာတော့ တော်တော်လေး နာရှာသား ။ အထူးသဖြင့် Hanbinရဲ့ ပါးရိုးနဲ့ မေးရိုးတစ်လျှောက် .. ။ Kim Jiwoongက နည်းနည်းနောနော သန်တာမှမဟုတ်တာနော် ။
ဒါပေမယ့် သူ့ဘက်က လုံးဝတန်ပါတယ် ။ သူနာတာထက် အဆပေါင်းများစွာတန်ကြေးရှိတဲ့ အရာကို Kim Jiwoongဆီကပြန်ယူပြီးပြီမို့လို့လေ .. ။
သူ့ရဲ့အမုန်းတရားတွေက Matthewကိုပါ ကူးစက်လို့ အခုဆို Matthewကလဲ Kim Jiwoongကို သေချာပေါက်မုန်းသွားတော့မှာ ။ ချစ်ရတဲ့လူဆီက အမုန်းတရားတွေ .. ။ ဘယ်လောက်တောင် နာကျင်ပြီး ပင်ပန်းလိုက်မလဲ ။
" ဆေးခန်းသွားရအောင် ။
အဲ့ဒီလူပြန်သွားကတည်းက ကိုကိုဒီအတိုင်းထိုင်နေခဲ့တာလား ။ တစ်လက်စတည်း ရဲပါဝင်တိုင်ခဲ့ကြမလား "" နေပါစေတော့ ၊ ဆေးခန်းအစား Matthewဆေးထည့်ပေးရင်ဖြစ်တာပဲ "
" ကိုကိုရယ် လာပါ ။ ကျွန်တော်စိတ်မချလို့ပါ ။ နေဦး သူကကိုကို့အိမ်အထိ ဘယ်လိုဝင်လာတာလဲ "
" passwordကတော့ သိစရာအကြောင်းမရှိပေမယ့် အိမ်သော့ရတယ်ထင်တယ် ။ ကိုကို့အဖေဆီကလေ ။ ကိုယ်တို့က .. ကိုယ်တို့က ညီအစ်ကိုတွေပဲဟာ "
လူတစ်ယောက်ကို ဆွဲဆောင်ဖို့ အပြည့်အဝဇာတ်လမ်းဆင်ပြီးလိမ်မယ့်အစား အမှန်နည်းနည်းရောနေတဲ့ မုသားက ပိုထိရောက်မှန်း လူတိုင်းထက် Hanbinက ကောင်းကောင်းသိပါတယ် ။

YOU ARE READING
𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 )
Fanfiction𝑻𝒉𝒆𝒚 𝒔𝒂𝒚 𝒆𝒗𝒆𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆 𝒉𝒂𝒔 𝒕𝒉𝒆𝒊𝒓 𝒕𝒓𝒖𝒆 𝒄𝒐𝒍𝒐𝒖𝒓𝒔. 𝑺.𝑯𝒂𝒏𝒃𝒊𝒏'𝒔 𝒊𝒔 𝒅𝒆𝒆𝒑 𝒓𝒆𝒅. 𝑲.𝑱𝒊𝒘𝒐𝒐𝒏𝒈'𝒔 𝒊𝒔 𝒅𝒂𝒓𝒌 𝒓𝒆𝒅. 𝑺.𝑴𝒂𝒕𝒕𝒉𝒆𝒘'𝒔 𝒊𝒔 𝒘𝒊𝒏𝒆 𝒓𝒆𝒅. 𝑻𝒉𝒆𝒚 𝒂𝒓𝒆 𝒂𝒍𝒍 𝑹𝑬𝑫 𝑭𝑳𝑨...