" Shit - ငါ့ခေါင်း "
ဆက်တိုက်ထိုးကိုက်နေတဲ့ ခေါင်းကြောင့် Jiwoongက နားထင်ကိုဖိရင်း ထထိုင်တယ် ။ မနေ့ကသေလောက်အောင်သောက်ခဲ့တာမို့ ဒီလိုကိုက်ခဲနေတာ အဆန်းမဟုတ် ။
အခန်းပတ်ဝန်းကျင်ဟာ Jiwoongနဲ့ ရင်းနှီးမနေ ။ Hotelဖြစ်ပုံရတာမို့ အသင့်တွေ့သည့် bellကိုဆက်တိုက်နှိပ်ကြည့်တော့ ဝန်ထမ်းတစ်ယောက်က အထဲဝင်လာသည် ။
" သောက်လိုက်ပါဦး လူကြီးမင်းအတွက်ပြင်လာတာပါ ။ အမူးပြေစေဖို့ သံပရာသီးညှစ်ထားတဲ့ Black coffeeခါးခါးပါ "
" ကျေးဇူး ... "
သောက်နေရင်းက Jiwoongစိတ်ထဲဇဝေဇဝါ ။ Jiwoongက မူးလာတိုင်း ဒီဟာပဲသောက်လေ့ရှိတာ Hotelက ဘယ်လိုသိစရာအကြောင်းရှိမှာလဲ ။
" လူကြီးမင်းနဲ့အတူပါလာတဲ့ ဧည့်သည်ကမှာပေးခဲ့တာပါ "
ဝန်ထမ်းကောင်လေးက သူ့အတွေးတွေကို ရိပ်မိသည့်အလားပြောလာတာမို့ Jiwoongက ထပ်ပြီး သံသယဝင်ရသည် ။
" ငါနဲ့အတူပါလာတဲ့သူ ...? ဘယ်သူလဲ သူက ၊ အခုရော ဘယ်မှာလဲ "
ခါးသက်စွာဝင်သွားသော ကော်ဖီအရသာက လျှာဖျားမှတစ်ဆင့် ရိုးတွင်းခြင်ဆီအထိ လှိုက်စားပြီး ခါးတော့မလိုမျိုး ။ တစ်စတစ်စပြတ်သားလာသော အတွေးအာရုံတွေက သိပ်တော့ အဆက်အစပ်မရှိသေး ။
" မူးနေတော့လဲ ချစ်ဖို့ကောင်းသား
ပုံမှန်အချိန်မှာ ဆွဲထိုးချင်စရာလေး "" မုန်းတယ်ဆိုတာ သိတယ်မလား
မျက်စိရှေ့မြင်နေရတာကိုက မုန်းနေပေမယ့် မမြင်ရရင် ပိုမုန်းတာရော သိလား "မနေ့ညက အိပ်မက်လိုလို တကယ်လိုလိုကြားနေခဲ့သော စကားတွေ ။
Clubထဲမှာ မှောက်နေခဲ့တဲ့ သူ့ကို တစ်ယောက်ယောက်က လာခေါ်ပေးသွားတာ ။ သေချာမမှတ်မိပေမယ့် အဲ့ဒီ့လူရဲ့ Collarbone လှလှနဲ့ ပနံသင့်တဲ့ ရင်ဘတ်က tattoo ... ။ Tattooပုံစံကို မမှတ်မိတော့ပေမယ့် တအားလှတာမို့ သူနမ်းမိလိုက်သေးသလိုလို ။" Matthew .. Matthewများ လာခေါ်သွားတာလား "
Matthewဆိုတဲ့နာမည်ကိုရွတ်ကြည့်ရုံနဲ့တင် Jiwoongကပြုံးမိနေပြီ ။ သေချာပါတယ် သူ့အပေါ် ဒီလောက် ဂရုစိုက်မယ့်သူဆိုလို့ Matthewပဲရှိတာ ။

YOU ARE READING
𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 )
Fanfiction𝑻𝒉𝒆𝒚 𝒔𝒂𝒚 𝒆𝒗𝒆𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆 𝒉𝒂𝒔 𝒕𝒉𝒆𝒊𝒓 𝒕𝒓𝒖𝒆 𝒄𝒐𝒍𝒐𝒖𝒓𝒔. 𝑺.𝑯𝒂𝒏𝒃𝒊𝒏'𝒔 𝒊𝒔 𝒅𝒆𝒆𝒑 𝒓𝒆𝒅. 𝑲.𝑱𝒊𝒘𝒐𝒐𝒏𝒈'𝒔 𝒊𝒔 𝒅𝒂𝒓𝒌 𝒓𝒆𝒅. 𝑺.𝑴𝒂𝒕𝒕𝒉𝒆𝒘'𝒔 𝒊𝒔 𝒘𝒊𝒏𝒆 𝒓𝒆𝒅. 𝑻𝒉𝒆𝒚 𝒂𝒓𝒆 𝒂𝒍𝒍 𝑹𝑬𝑫 𝑭𝑳𝑨...