RED : The Devil

1K 121 33
                                    

" ရာထူးတိုးတာ ဂုဏ်ပြုပါတယ် Jiwoong Oppa "

" အာ ဟုတ် ကျေးဇူးပါ "

" ဘာကျေးဇူးလဲ ။ Graphics ဌာနတစ်ခုလုံးရဲ့ Headဖြစ်သွားပြီး လစာလဲ သုညတစ်လုံးပိုသွားတာလေ ။ တစ်ဝိုင်းကျွေးသင့်တာပေါ့လို့ "

" အင်းပါ ဒီညစီစဥ်ထားလိုက်လေ ကိုယ်ကျွေးမှာပေါ့ "

ဟေးခနဲအော်ပြီး ပြေးထွက်သွားတဲ့ကလေးတွေကြောင့် အလိုက်အထိုက်လိုက်ပြုံးနေပေမယ့် Jiwoongနည်းနည်းတောင်ပျော်မနေ ။

Matthewက သူ့ဖုန်းလဲမကိုင်သလို Messageပို့သမျှကိုလဲ လျစ်လျူရှူထားသည် ။ ချစ်တဲ့လူဆီက အမုန်းတွေ ။ ခံရခက်လွန်းလို့ သူ့မယ် မသေရုံတမယ် ကြံဖန်အသက်ရှင်နေရသလိုပါပဲ ။

" ဘာလုပ်နေလဲ "

ကိုယ့်ကို နည်းနည်းမှအဖတ်မလုပ်တဲ့ Matthewနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာ Sung Hanbinကတော့ဖြင့် တစ်ရက်ခြားတစ်ခါလောက်စာတွေပို့လာတာမို့ Jiwoongအတွက် လက်မခံနိုင်လောက်အောင် ထူးဆန်းသည့်အခြေအနေ ။ အခုလဲကြည့် Sung Hanbinကိုယ့်ကို စာပို့ပြန်ပြီ ။

" ဘာစောက်ရူးအကွက်တွေနင်းနေတာလဲ "

Jiwoongက noti barက ခိုးဖတ်ရင်း လျစ်လျူရှုလိုက်သည် ။ နဂိုတည်းက Sung Hanbinကို စာပြန်ဖို့အစီအစဥ်လဲရှိမနေ ။

Jiwoongဟာ ထင်ထားတာထက် သစ္စာရှိတဲ့ကောင်လေးပဲ ။ သူ့စိတ် သူ့ခန္ဓာမှာ Matthewတစ်ယောက်တည်းကပဲ Tattooထိုးသလို တွယ်ငြိနေတာမို့ သေရာပါတဲ့အထိ ဒီနှလုံးသားက Matthewကိုပဲ လက်ခံတော့မှာ ။

Matthewဆီက ဥပေက္ခာကို အလူးအလဲခံရအပြီးမှာကမ္ဘာပြိုတယ်ဆိုတဲ့စကားကို Jiwoongက နားလည်စပြုပါတယ် ။ သူ Matthewကြောင့် သေမတတ်ဖြစ်နေချိန် Matthewကတော့ Sung Hanbinနဲ့ ပြုံးနေလောက်ရောပေါ့ ။

ဒါက ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ငရဲပဲဖြစ်လိမ့်မယ်ထင်ပါရဲ့ ။

" Kim Jiwoong ! "

" သေပြီလား စာပို့နေတာမမြင်တာလား "

" ဟေ့လူ တကယ်သေတာလား "

ခဏချင်းမှာပဲ ရောက်လာတဲ့ Sung Hanbinဆီက စာတွေ ။ စိတ်တိုလွန်းမကတိုလာတာမို့ Jiwoongကဖုန်းပါပိတ်ပစ်လိုက်ရတယ် ။

𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 ) Où les histoires vivent. Découvrez maintenant