RED : The RED Ending

1.2K 143 53
                                    

" Matthew လာထိုင်နေစမ်း "

" မဟုတ်ဘူး Hao - ကျွန်တော် ... "

Matthewက မျက်လုံးအပြည့်လျှံတက်လာတဲ့ မျက်ရည်တွေကိုလက်ဖမိုးနဲ့သုတ်ရင်း ခုံမှာ ဂနာမငြိမ်လာထိုင်တယ် ။ လက်သည်း​တွေမှာလဲ ကုတ်ဖဲ့ထားဟန် သွေးတွေစို့လို့ ။

" ကိုကို မသေပါဘူးနော်
ကိုကို သေချာပေါက် အသက်ရှင်မယ်မလား Hao ။ကိုကိုတစ်ခုဖြစ်ရင် ကျွန်တော်သေလိမ့်မယ် "

ကိုယ့်စိတ်နဲ့ဆိုရင်တော့ Sung Hanbinက သေပြီးသားပါပဲလေ ။ မင်းကို ကိုယ်ကချစ်လို့သာ ဒီကောင်အသက်ရှင်နေသေးတာ ။ Zhang Haoက Duty coatကို ချွတ်ရင်း ခပ်ချဥ်ချဥ်ပြုံးပါတယ် ။

သူတို့နှစ်ယောက်အတူတူရှိနေတာ Private Hospitalတစ်ခုရဲ့ VIP roomထဲမှာ ဖြစ်ပြီး ရှေ့ကCCTVနှင့်ဆက်ထားသော TVမှာတော့ လူနာကုတင်ထက်လှဲလျောင်းနေသော ဒဏ်ရာအပြည့်နဲ့Sung Hanbinရယ် ၊ အဲ့ဒီ့လူနာဘေးထိုင်စောင့်နေသော အမျိုးသားတစ်ဦးရယ် ။

Zhang Hao က ထိုလူနှစ်ယောက်လုံးကို ကောင်းကောင်းသိပါသည် ။ ကောင်းသောရေစက်တော့မဟုတ်ခဲ့ပေမယ့်ပေါ့ ။

" Matthew မင်းနားသင့်ပြီ "

Sung Hanbin ခွဲခန်းဝင်နေတုန်းရော ၊ အခု ICUထဲထားတဲ့အထိ Matthewကလေးက တောက်လျှောက်ငိုနေခဲ့တာ Zhang Haoကို စိတ်မချမ်းသာစေပါ ။ Matthewလို ခပ်ဆိုးဆိုးကောင်လေးက Sung Hanbinလိုကောင်ကြောင့် ငိုနေရတာတဲ့ ။ ကျစ် ..မုန်းလိုက်တာ ။

" မနားဘူး
ကိုကို့ကို ဒီလိုဖြစ်အောင်ကျွန်တော်လုပ်ထားမိတာ ။ ကျွန်တော်ကလေ - "

" Matthew !! "

Zhang Hao တောက်တစ်ချက်ခေါက်ရင်း Matthewဆီ ခပ်တင်းတင်းကြည့်တော့ ငြိမ်သက်သွားတဲ့ ကလေး ။

" ကိုယ် နားညည်းလာပြီ ။ မင်းပါးစပ်က Sung Hanbinဆိုတဲ့နာမည်နောက်တစ်ခေါက်ထွက်လာရင် ကိုယ်သူ့ကို တကယ် - သတ် - ပစ် - မှာ "

တစ်လုံးချင်းစီဖိပြောတော့မှ မဲ့ခနဲဖြစ်ပြီး အငိုရပ်သွားတဲ့ Matthew ။ Haoက Matthewမေးစေ့ကဆွဲလို့ မော့စေတော့ မျက်လုံးလှလှလေးနဲ့ မလိုက်မဖက် မျက်ရည်တွေ ။

" ကိုယ့်ကို လာနမ်း  "

" ဟင် ဒီအခြေအနေမှာ - "

𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 ) Where stories live. Discover now