Hanbinက လေတဖြူးဖြူးတိုက်နေတဲ့ ခေါင်မိုးထပ်မှာ မတ်တပ်ရပ်နေတယ် ။ သူ့ဆံပင်တိုကပ်ကပ်ဟာ လေကြောင့် လှုပ်ခတ်လို့ ။
ဝေခွဲရခက်တဲ့အပြုံးမျိုးနဲ့ ပြုံးနေရင်း အိတ်ထဲက Cigaretteကို တစ်ဖွာ နှစ်ဖွာ ရှိုက်လိုက်သေး ။
အဆုတ်ကိုပျက်စီးစေတဲ့ Cigarette တွေ ၊
Kim Jiwoongကို ချစ်မိလို့ နာကျင်ရတဲ့ချစ်ခြင်းတွေ ၊ ဒီနှစ်ခုမှာ ဘယ်အရာကများ သူ့ကို အရင်ဆုံး ဆန်ကာကျ စုတ်ပြတ်စေလောက်ပါမလဲ ။" Cigarette တွေ တော်တော့ "
Kim Jiwoongက မတိုးမကျယ်လှမ်းအော်တယ် ။ Hanbinက အမိန့်နာခံစွာပဲ ဆေးလိပ်ကို ဖိနပ်ဦးနဲ့ထိုးချေလိုက်ပါတယ် ။
" အဲ့တော့ ကိုကို့အဖြေကဘာလဲ
ခင်ဗျားချစ်တဲ့သူကို ကာကွယ်မှာလား ၊ စွန့်လွှတ်ပစ်မှာလား ။ ဘယ်လမ်းရွေးရွေး ကျွန်တော်ကတော့ ခင်ဗျားနား အရိပ်လိုကပ်နေမှာမို့ ထားခဲ့ဖို့တော့စိတ်ကိုမကူးနဲ့ "" ငါ ... "
Jiwoongအနားကို Hanbinက တစ်လှမ်းချင်းတိုးသွားတယ် ။ ချက်ချင်းဆိုသလိုပဲ ကိုကို့လည်ပင်းကိုသိုင်းဖက်ပစ်ရင်း ပခုံးပေါ်မှောက်ချပစ်ပါတယ် ။
ကိုကိုသုံးနေကျ ရေမွှေးကို အဝရှူသွင်းလိုက်ရင်း ပါးကို မထိတထိနမ်းလိုက်သေးရဲ့ ။
" ချစ်တယ် သိလား
စောက်ရမ်းချစ်တယ်
ချစ်လွန်းလို့ ရူးတော့မယ် "Kim Jiwoongက မတုန်မလှုပ်ပါပဲ ။ ကျောက်ရုပ်လိုငြိမ်သက်နေတာက Hanbinကို ပိုပြီးတောင် တက်ကြွစေတာမို့ လည်တိုင်တစ်လျှောက်လိပ်ပြာလေးပျံသလို နမ်းနေမိတော့တာ ။
" ကျွန်တော်က ဒီနေ့ကစပြီး မှန်လိုပဲပြုမူတော့မယ် ကိုကို ။
ကိုကိုကျွန်တော့်ကိုနမ်းရင် ကျွန်တော်က Matthewကို နမ်းမယ် ။
ကိုကို ကျွန်တော့်ကို ဂရုမစိုက်ရင် ကျွန်တော်လဲ Matthewကို အဖတ်မလုပ်ဘဲနေမယ် ။
ကိုကိုသာ ကျွန်တော့်ကို ထားခဲ့ရင် ... "
လိပ်ပြာလိုအနမ်းတွေရဲ့ အဆုံးသတ်မှာ ကျိန်စာလို ကြောက်စရာကောင်းတဲ့ နှောင်ကြိုးတွေ Hanbinနှုတ်ဖျားက တစ်ခွန်းစိီကြွေကျလာပါတယ် ။
KAMU SEDANG MEMBACA
𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 )
Fiksi Penggemar𝑻𝒉𝒆𝒚 𝒔𝒂𝒚 𝒆𝒗𝒆𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆 𝒉𝒂𝒔 𝒕𝒉𝒆𝒊𝒓 𝒕𝒓𝒖𝒆 𝒄𝒐𝒍𝒐𝒖𝒓𝒔. 𝑺.𝑯𝒂𝒏𝒃𝒊𝒏'𝒔 𝒊𝒔 𝒅𝒆𝒆𝒑 𝒓𝒆𝒅. 𝑲.𝑱𝒊𝒘𝒐𝒐𝒏𝒈'𝒔 𝒊𝒔 𝒅𝒂𝒓𝒌 𝒓𝒆𝒅. 𝑺.𝑴𝒂𝒕𝒕𝒉𝒆𝒘'𝒔 𝒊𝒔 𝒘𝒊𝒏𝒆 𝒓𝒆𝒅. 𝑻𝒉𝒆𝒚 𝒂𝒓𝒆 𝒂𝒍𝒍 𝑹𝑬𝑫 𝑭𝑳𝑨...