" အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့ ကျော်လွန်ခဲ့ပါပြီ ။ ဒါပေမယ့် မသိနိုင်သေးတာမို့ private ICUထဲပဲထားပါဦးမယ် ။ လူနာရှင်က ဒီမှာ Signလေးတစ်ချက် "
Jiwoongက လူနာကုတင်ပေါ်မှာ မျက်လုံးတောင် မဖွင့်ဘဲငြိမ်သက်နေတဲ့ Sung Hanbinကို ကြည့်ရင်း စိတ်ရှုပ်လာတာမို့ ဆံပင်တွေကြား လက်ထိုးထည့်ရင်း သက်ပြင်းချမိရသည် ။
အမှန်အတိုင်းဝန်ခံရရင် သူ ဘယ်တုန်းကမှ Sung Hanbinကို နားမလည်ခဲ့ပါ ။ သူ့ကိုဆို ဝါးစားပစ်တော့မလို မျက်လုံးတောက်တောက်တွေနဲ့ကြည့်ပြီး အမြဲဒုက္ခလိုက်ပေးချိန်မှစ၍ အခု သူ့ကိုကာကွယ်ပေးဖို့ ကားရှေ့ကိုရူးရူးမိုက်မိုက်ဝင်ခံပေးသည်အထိ တစ်ခါလေးတောင်မှ .. ။
" တကယ်ပဲ ခေါင်းထဲဘာတွေထည့်ထားတာများလဲ Sung Hanbin "
အချိန်ကြည့်တော့ မနက်၇နာရီထိုးနေပြီ ။ တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်နေခဲ့ပေမယ့် သူမအိပ်ချင် ။ အိပ်ချင်စိတ်လဲ နည်းနည်းတောင်မရှိ ။ Companyကို ခွင့်တိုင်ရင်း မနက်စာမှာဖို့ ဆေးရုံ canteenကိုဖုန်းဆက်လိုက်ရင်း Hanbinကို သန့်ရှင်းရေးလုပ်ပေးဖို့များလိုမလားဆိုတဲ့အတွေးနဲ့ Snow towelလိုက်ရှာရသည် ။
" နိုးလာတော့ ဟေ့ကောင်
မင်းသေသွားရင် ငါ့တစ်ဘဝလုံးမင်းကိုကျေးဇူးတင်စိတ်ကြီးနဲ့ ရှင်သန်ရတော့မှာ "သွေးစသွေးခဲတို့ ကပ်နေတာတောင် Sung Hanbinမျက်နှာက ချောနေတုန်း ။ Snow towelကို ကိုင်ပြီးငေးနေခိုက်မှာပဲ Sung Hanbinလက်တွေ လှုပ်ရှားလာသလိုလို ။
" ... "
ဘာတွေပြောမှန်းမသိ ဝေခွဲမရသော စကားအချို့ ပွင့်ဟလာသည် ။ Jiwoongက ဝမ်းသာအားရ ထခုန်လိုက်မိပြီး Hanbinသေချာမြင်ရအောင် သူ့မျက်နှာကို ညွှတ်ကိုင်းပေးလိုက်ပါသည် ။
" ခဏနော် ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် "
Hanbinမျက်လုံးတွေက သေချာမပွင့်သေးတာတောင် Jiwoongလက်ကို ဆွဲကိုင်လာသည် ။
" ငါမထားခဲ့ဘူး ဆရာဝန်သွားခေါ်ရုံပဲ ပြန်လာမယ် "
ဆရာဝန်တွေဝင်လာပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေတုန်း Jiwoongက အခန်းထောင့်နားလေးမှာပဲ ရပ်နေမိပါတယ် ။ ဘာကိုကြောက်မှန်းမသိကြောက်နေပြီး တစ်ချိန်တည်းမှာပဲ Sung Hanbinကို မုန်းမိသည့်စိတ် ၊ ပြန်နိုးမလာစေချင်သည့်စိတ်က လွန်ဆွဲနေသေး ။
![](https://img.wattpad.com/cover/339241944-288-k112556.jpg)
YOU ARE READING
𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 )
Fanfiction𝑻𝒉𝒆𝒚 𝒔𝒂𝒚 𝒆𝒗𝒆𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆 𝒉𝒂𝒔 𝒕𝒉𝒆𝒊𝒓 𝒕𝒓𝒖𝒆 𝒄𝒐𝒍𝒐𝒖𝒓𝒔. 𝑺.𝑯𝒂𝒏𝒃𝒊𝒏'𝒔 𝒊𝒔 𝒅𝒆𝒆𝒑 𝒓𝒆𝒅. 𝑲.𝑱𝒊𝒘𝒐𝒐𝒏𝒈'𝒔 𝒊𝒔 𝒅𝒂𝒓𝒌 𝒓𝒆𝒅. 𝑺.𝑴𝒂𝒕𝒕𝒉𝒆𝒘'𝒔 𝒊𝒔 𝒘𝒊𝒏𝒆 𝒓𝒆𝒅. 𝑻𝒉𝒆𝒚 𝒂𝒓𝒆 𝒂𝒍𝒍 𝑹𝑬𝑫 𝑭𝑳𝑨...