RED : The RED curtain

1K 126 15
                                    

" Matthew ဒါကငါအကြမ်းရေးထားတာ အမှားလေးစစ်ပေးပါလားဟင် "

" ရတယ်လေ ... ငါ့iPadကို ပို့လိုက် "

" အားရီးဂူး နတ်သားလေးMatthew "

1st Yearကျောင်းသားတွေအတွက် မယူမနေရတဲ့ Majorတွေထဲ Englishလဲ အပါအဝင် ။ အဲ့တာကြောင့် Englishရတဲ့ Matthewက အလိုအလျောက်ပဲ တော်တော်များများနဲ့ ရင်းနှီးသွားပါတယ် ။ အခုလဲ အတန်းဖော်ကောင်မလေးပို့ပေးထားတဲ့ Essayကို စစ်ဖို့ iPadကို ပြူးပြဲကြည့်နေတုန်း သူ့စားပွဲကို တဒေါက်ဒေါက်လာခေါက်တဲ့ ရှည်သွယ်သွယ်လက်ချောင်းတွေ ... ။

လက်သည်းခွံကြည်ကြည်ရယ် လက်ခုံပေါ်က သွေးကြောစိမ်းစိမ်းတွေရယ်က Matthewကို အတွေးများစေတာမို့ ခေါင်းမော့ကြည့်လိုက်တော့ သူပြီးခဲ့တဲ့ နှစ်ရက်စလုံး အသည်းအသန်တွေ့ချင်နေခဲ့တဲ့ အိုအေစစ်ကလေးက ပြုံးလို့ ... ။

" အစ်ကို Hanbin ..  "

" ငါတို့ Matthewလေးက မှတ်မိနေတာပဲ
အားး ဟတ်ထိသွားပြီ "

​စကားပြောရင်း Matthewခေါင်းကိုဆွဲဖွလာတဲ့ အစ်ကိုHanbinရဲ့ အပြုအမူကို Matthewက Puppyလေးတစ်ကောင်လို သဘောတကျခံယူပါတယ် ။

" အဲ့နေ့ကကွာ .. သူငယ်ချင်းတစ်ယောက်ဆွဲခေါ်သွားတာ ။ ကိုယ့်မှာ ငြင်းချိန်ကိုမရလိုက်ဘူး ။ ကိုယ်ပြန်လာတော့ Matthewမရှိတော့ဘူး ။ ကျောင်းအပ်တဲ့အထိ ဘေးမှာရှိနေပေးချင်ခဲ့တာ "

Matthewက နှုတ်ခမ်းလေးဆူလို့ Kim Jiwoonလား ဘာလား နာမည်တောင်သေချာမမှတ်မိတော့တဲ့ အဲ့ဒီ့အစ်ကိုကို စိတ်တိုမိရသေး ။ သူသာ နည်းနည်းဖြစ်ဖြစ်စောင့်နိုင်ခဲ့ရင် အစ်ကိုနဲ့တွေ့ရမှာကို ။

" ဘာလို့ ဆူပုတ်နေတာလဲ ဘဲကလေး "

" ဘဲတော့မဟုတ်ပါဘူး Matthewပါ "

" အားး ချစ်စရာလေး ဘဲပေါက်ကလေး Matthew .. အဲ့နေ့က အစ်ကိုကမလာနိုင်ခဲ့တာမို့ ဒီနေ့ အတန်းပြီးရင် တစ်ခုခုလိုက်ကျွေးမယ်လေ ။ အားတယ်မလား "

" အတန်းမရှိတော့ဘူး အစ်ကို "

Matthewက လိမ်ညာတတ်တဲ့ ကလေးဆိုးလေးဖြစ်ပါတယ် ။ အဲ့တာကိုပဲ Hanbinက ဟက်ခနဲတစ်ချက်ရယ်ရင်း Matthewလက်ကိုတင်းနေအောင်ဆွဲလို့ ။

𝙍𝙀𝘿 𝙁𝙇𝘼𝙂 ( 𝙬𝙤𝙤𝙣𝙜𝙗𝙞𝙣𝙩𝙩𝙝𝙚𝙬 ) Where stories live. Discover now