episode 5

137 16 0
                                    

ယွန်ဂ္ီတစ်ယောက် လွန်ခဲ့တဲ့ တစ်ပါတ်ကကုန်တိုက်မှာ သူ့အမေနဲ့တွေ့ပီးထဲက ယနေ့အချိန်ထိ အခန်းတွင်းအောင်းကာ ဂျောင်ဂုအားသူရှောင်နေမိလေ၏။

အကြောင်းကာ သူ့အားတမျိုးထင်မည်ကိုပေါ့။

*ဟူးးး ဘဝကြီးလည်း တစ်ခါတလေတော့ ထင်သလောက်လည်း လွယ်ကူမနေပါလား။

အဘွားတို့နဲ့နေပေမဲ့လည်း အဘွားတို့ကငါ့ကိုချစ်ပေမဲ့လည်း တစ်ခါတလေတော့ အဖေ့ကိုသတိရသား ။ *

ဆိုကာတွေးရင်းနေတာပေါ့ ။ ဟုတ်လည်းဟုတ်တာပေါ့ ယွန်ဂီရဲ့အဖေဟာ ယွန်ဂီအသက် 15လောက်မှာ နှလုံးရောဂါနဲ့ သေသွားသည်ကို။

ထိုအချိန် ယွန်ဂီထံကိုဖုန်းဝင်လာကာ

*Hello ဘွား ဟုတ်ကဲ့သားနေကောင်းပါတယ် ဘွားရဲ့ ဟုတ်လား ဒီချိန် စတော်ဘယ်ရီသီးတွေတောင် သီးနေရောလား ကောင်းတာပေါ့။

ဟုတ်ကဲ့သားလည်း သတိရပါတယ် ဘွားရယ်စိတ်ချပါ ဘွားရဲ့သားကျန်းမာရေးကိုလည်း ဂရုစိုက်ပါ့မယ်ဟုတ်ကဲ့ဘွား ချစ်တယ်နော် *

ဆိုကာပြောပီး ဖုန်းကိုချ‌လိုက်လေရဲ့။ ဟုတ်သား
ယွန်ဂီရဲ့ အဘွားမှာ ယွန်ဂီတစ်ယောက်ထဲသာ
ကျန်တော့တာကို

*ငါလည်းဒီတစ်ခေါက် ပိတ်ရက်ကြရင် ဒယ်ဂူကိုပြန်အုံးမှ့ပဲ ဘွားလည်းပျင်းနေရောလောက်ပေါ့။ *

ဆိုကာတွေးနေတုန်းပဲ ရှိသေးတယ်
ဂျောင်ဂုတစ်ယောက် အခန်းတံခါးကို လာခေါက်သောကြောင့် ယွန်ဂီမှာ

*ဟယ် ဟုတ်သားပဲ ဒီနေ့ငါKookieကို စာပြပေးရမှာပဲ အီယားး Min yoongiရယ် ရှောင်နေပါတယ် ဆိုမှ့ တည့်တည့်တိုးတော့တယ် *

ဆိုကာပြောရင်းနဲ့ အခန်းတံခါးကို သွားဖွင့်ပေးကာ

*အော် Kookieဝင်လာ *

ပဲရှိပါသေးတယ် ဂျောင်ဂုသည် ယွန်ဂီအား စိတ်ပူကာဖက်လိုက်သဖြင့် ယွန်ဂီမှာလန့်သွားရလေခြင်း
ဖစ်လေ၏။

အဆောင်မှူးလေး Min yoongi ( Complete )Where stories live. Discover now