အပိုင်း ၅ - မန္တလာမြေမှနှုတ်ခွန်းဆက်သံ

537 68 16
                                    

ဧပြီလ ၁၆ရက်၊သင်္ကြန်အတက်နေ့

'ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံးပင် ချောအလှပိုတယ်
မြို့မနှင့်တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ်။

အမောက်ကလေးတသသနဲ့
မြှောက်လို့ပေးတာမဟုတ်ဘူးကွယ်၂

ယဉ်စစနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာပင် အလွန်တင့်တယ်၂

ထွန်းသစ်စ လရောင်ခြယ်
ခိုင်ညှာတံပွင့်လန်း ပန်းလိုနှယ်၂

ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်။'

မနက်ခင်းကတည်းကကြားနေရသောသီချင်းသံမှာ ဆောင်းဘောက်စ်မှဖွင့်နေဟန်။ အဓိကအားဖြင့် မန်းတောင်ရိပ်ခို နှင့် မြူးမှောင်ဝေကင်းသီချင်းသံကိုအဓိကကြားနေရသည်။

ဒါဟာ မကြာခင်မန္တလေးမြို့တစ်ခွင်လှည့်လည်ကပြဖျော်ဖြေတော့မည့် မြို့မငွေငန်းမှဖြစ်ရမည်။

ရတနာပုံခေတ်၊စစ်ကြိုခေတ်၊စစ်အတွင်း ပြည်တော်ဝင်ခေတ်၊စစ်အပြီး ၁၉၄၇မန်းတောင်ရိပ်ခိုခေတ်၊ ၁၉၅၀ ငြိမ်းချမ်းရေးခေတ်၊ ၁၉၅၁ ပြည်ထောင်စု သင်္ကြန်၊၁၉၇၀ ဝင်းဦးနဲ့မြို့မ သင်္ကြန်၊ ၁၉၈၀ သင်္ကြန်မိုး သင်္ကြန် စသော ခေတ်အဆက်ဆက်ဆင်နွှဲခဲ့သော မန္တလေးသင်္ကြန်သည် နန်းအဆန်ဆုံးမြန်မာ့သင်္ကြန်ဖြစ်ခဲ့သည်။

ထို့အတူပင် မန္တလေးင်္သကြန်ဟုပြောလိုက်ပါက မြို့မကိုပြေးမြင်သည်။မြို့မကိုမြင်လျှင် ငွေငန်းကိုပါသတိရကြသည်။

သင်္ကြန်နဲ့ မန္တလေးကိုခွဲ၍မရ။
မန္တလေးနဲ့ငွေငန်းမြို့မကိုလည်းခွဲ၍မရ။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံသုံးချက်ကြောင့် ဟီဆွန်းပြတင်းပေါက်ဘောင်ကိုမှီထားရာမှအခန်းဝကိုကြည့်လိုက်တော့ တံခါးဝ၌ရပ်နေသောဆောင်းဟွန်း။

"နေမကောင်းသေးဘဲနဲ့ ဘာလို့ထလာတာရတာလဲ"

"ကျွန်တော်ဝင်လာလို့ရလား အစ်ကို"

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now