သင်္ကြန်တွင်းမှာ အစီအစဉ်မရှိဘဲ စရေးခဲ့တဲ့ ဒီ fic လေးကို အဆုံးထိဖတ်ပေးလို့ အကုန်လုံးကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ အန်နာ့အတွက် ဒီဟာက healing fic လိုမျိုးဖြစ်နေတော့ ဒါလေးကနေ အများကြီးမဟုတ်ရင်တောင် ဖတ်တဲ့သူတွေကိုလည်း healing ဖြစ်စေရင်ကို ကျေနပ်ပါပြီ။ရေးဖူးသမျှထဲ ပေါ့ပေါ့ပါးပါးပုံစံလေးပေမယ့် ကိုယ့်မြေရဲ့ သမိုင်းကြောင်း၊အထင်ကရနေရာတွေကိုပါနေတော့ အမှားမပါအောင် ထပ်ခါထပ်ခါလေ့လာခဲ့ပေမယ့် မသိလိုက်ဘဲ အမှားတစ်ချို့ပါကောင်းပါသွားနိုင်တာမလို့ အားမနာတမ်းထောက်ပြပေးလို့လည်းရပါတယ်။
အချပ်ပို ၃ ကနောက်ဆုံးမလို့ အပိုင်းသစ်ကထပ်ရှိမှာမဟုတ်တော့ပါဘူး။အဲ့ဒါကြောင့် ဒီထဲမှာ သိချင်တဲ့အရာမျိုး၊ရှုပ်ထွေးသွားတဲ့အရာမျိုးရှိရင် ဒီမှာမေးလို့ရပါတယ်။ အန်နာ အကုန်ပြန်ဖြေပေးပါ့မယ်။
ဆိုတော့ ဒီဟာရေးတာ ကျေးဇူးတင်ကြောင်းအပြင် အပိုင်း (၃) က မန်းတောင်ရိပ် ကဗျာကို မေးထားတာလည်းရှိတော့ ဒါကို ရှင်းပြချင်တာလည်းပါပါတယ်။
စိတ်ဝင်စားရင်ဖတ်လို့ရပါတယ်နော်။
•••••••
'မန်းတောင်ရိပ်ခို' ကဗျာရဲ့ နောက်ထပ်အဓိပ္ပာယ်ကို ကဗျာခေါင်းစဉ်က စာလုံး (၅)လုံးကို အဓိပ္ပာယ်ပြန်ဖွင့်ဆိုတာမျိုးလို့ မန္တလးတောင် ရသေ့ကြီး ဦးခန္တီမိန့်ဖူးပါတယ်။
၁။ 'မန်း' - မ ဆိုတာက ကြာသပတေးနံဖြစ်လို့ ကြာသပတေးနံရဲ့ အက္ခရာက ပ၊ဖ၊ဗ၊ဘ၊မ ပါ။ရေတွက်ရင် အက္ခရာ(၅)လုံးဖြစ်တာမလို့ မန်း ဆိုတာ ငါးပါးသီလကိုမြဲဖို့ နဲ့ အနန္တောအနန္တ (၅) ပါးကိုဆည်းကပ်ဖို့ပြောတဲ့သဘောပါ။
၂။ 'တောင်' - တ ဆိုတာက အက္ခရာ(၇)လုံးရှိတဲ့ စနေနံကိုညွှန်းတာမလို့ သူတော်ကောင်းအကျင့်(၇)ပါးနှင့် ပြည့်စုံအောင်နေဖို့ပြောတဲ့သဘောပါ။
၃။ 'ရိပ်' - ရ ဆိုတာက အက္ခရာ (၄)လုံးပါတဲ့ ဗုဒ္ဓဟူးနံဖြစ်လို့ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပက္ခောဆိုတဲ့ ဗြဟ္မာစိုရ်တရား (၄)ပါးနဲ့အညီနေတတ်ဖို့ပြောတာပါ။
၄။ 'ခို' - ခ ကျတော့ တနင်္လာနံ အက္ခရာ(၂) လုံးပါတာမလို့ ဟီရိ၊ဩတ္တပါ လောကပါလတရား(၂)ပါးနဲ့ အညီနေထိုင်ဖို့ပြောတဲ့သဘောပါ။
•••••••
စာတောင်အတော်ရှည်သွားပြီဆိုတော့ ဒီမှာတင်ရပ်လိုက်ပါတော့မယ်နော်။ ဒီအထိအချိန်ပေးပြီးဖတ်ပေးလို့ အကုန်လုံးကို ထပ်ပြီးကျေးဇူးတင်ပါတယ်။
31052023
YOU ARE READING
The loyalty of Padauk from Mandalay : HeeHoon
Fanfiction"ပန်းပိတောက်တို့အားအမှူးထား၍ သစ္စာဆိုရသော်..." - Written in Burmese + fully credit to the original owner of cv photo [ the whole story is author's imagination]