ဇာတ်သိမ်း - ရွှေမန်းဌာနီ လွမ်းရာသီ

618 69 15
                                    


နှစ်ဆန်းတစ်ရက်နေ့မှစ၍အရာရာဟာ ပုံမှန်အတိုင်းပြန်လည်လည်ပတ်ကြလေပြီ။

သင်္ကြန်တုန်းကတော့ ပူရကောင်းမှန်းလည်းမသိခဲ့ပေမယ်ြ အခိုးငွေ့ဝေသောမန္တလေးမြို့ကြီး၏အပူချိန်ကို အခုမှသိသိသာသာခံစားလိုက်ရသည်။

"ဒီလောက်ငြိမ်ငြိမ်လေးထိုင်နေတာတောင်ပူလို့သေတော့မှာ။မနေနိုင်တော့ဘူး ငါနိုင်ငံခြားပဲပြန်တော့မယ်"

သူ့ဘေးတွင်ထိုင်ကာ တဗြစ်ဗြစ်တတောက်တောက်ပြောနေသောဗန်က ပန်ကာအသေးလေးကိုလက်တွင်ကိုင်ကာအပြင်ဖက်ကိုမှုန်ကုပ်ကုပ်ကြည့်နေသည်။

တိုင်လုံးကိုမှီလျက်ရပ်နေသာဟီဆွန်းက ဗန့်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ရောက်ကတည်းကဘာအသံမှမထွက်ဘဲငြိမ်နေသောအရှေ့မှကောင်လေးထံလှမ်းကြည့်လိုက်သည်။

ဆောင်းဟွန်းဘေး၌ကင်မရာတစ်လုံးနဲ့လက်ထဲတွင်သူဆောင်နေကြစာအုပ်တစ်အုပ်။နှုတ်ခမ်းနှစ်လွှာကိုဖွဖွစေ့ကာ လုပ်နေသည့်အလုပ်ထဲစိတ်နှစ်ထားပုံရသောထိုကောင်လေးသည် အပေါ်ကိုမော့လာလိုက် ခေါင်းကိုငုံ့လိုက်ဖြင့်။

သူတို့အခုရောက်နေသည်ကား မြနန်းစံကျော်ရွှေနန်းတော်အတွင်းရှိ မြေနန်းပြာသာဒ်တော်မှာပင်ဖြစ်သည်။ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်တို့ဗုံးကျဲချရာမှာ နန်းတော်ကြီးပင်သာမကမြို့ရိုးတို့ပါပျက်စီးခဲ့ရသည်။

ရွှေအစစ်များဖြင့်တည်ဆောက်ထားသော မြန်မာ့ရွှေနန်းတော်ကြီးက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြာဖြစ်သွားသည်ကားအသည်းနာစရာကောင်းလွန်းသည်။အကောင်းအတိုင်းကျန်သည်ကား မြို့ရိုးပတ်လည်ရှိ ပြာသာဒ်ပေါင်း ၄၈ခုမှ ၁၃ခုသာလျှင်။

သို့သော် ၁၉၈၉ လွန်နှစ်များ၌ ဤနန်းတော်ရာအားရှေးမူမပျက် ငါးနှစ်တာစီမံကိန်းဖြင့်ပြန်လည်တည်ဆောက်ခဲ့ကြသည်။နန်းတော်ရာမှာ အစစ်အမှန်မဟုတ်တော့သော်ငြား ဗိသုကာလက်ရာတို့မှာတော့ မြန်မာ့မှုမြန်မာဟန်တို့ကိန်းအောင်းနေဆဲ။

ဆောင်းဟွန်းကတော့ နန်းတော်ရာထဲစရောက်ကတည်းက ထိုသူ့မျက်လုံးတို့သည် တဖြတ်ဖြတ်ပုတ်ခပ်ကာမျက်လုံးထဲမှတ်တမ်းတင်နေသည့်အလား။ယခုလည်း ဦးထိပ်တံခါးမှဝင်ဝင်ချင်း မြေနန်းပြာသာဒ်တော်ကိုမြင်သည်နဲ့ ထိုကောင်လေးက လှေကားထိပ်၌လက်ရမ်းကိုမှီကာ ဗိသုကာလက်ရာများကိုရေးဆွဲနေခဲ့သည်။

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now