အချပ်ပို ၃ - ပိတောက်ဝါတို့ဝေ၍ စိန်ပန်းပြာတို့ကြွေသော်

785 65 9
                                    



"အိမ်ကိုပဲ လွမ်းလို့လား xxx အရင်များ စိတ်မှာအောက်မေ့ရင် xxxx ပြန်ချင်တယ်ဆိုရင်ဖြင့် ကိုယ်မတားရက်ပါတယ် xxx ဒါပေမယ့်...မင်းမသွားခင်...တောင်ပေါ်သားရဲ့အချစ်ဆုံးလက်ဆောင် xxx တစ်ခိုင်လောက်ယူမယ်ဆိုရင် ကိုယ်ခူးပေးချင်တယ် xxx

တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမပွင့်ပေမယ့် xxx ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ် xxx ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့် အချစ်ရယ်

နော်လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့ xxx ရွှေညာမြေက ပိတောက်ဝါကိုသတိရတဲ့အခါ xxx ချယ်ရီကိုသာပန်ကာကျေနပ်ကွယ် xxx "

သင်္ကြန်အကြတ်နေ့ ၂၀၂၅။

နံနက်ခင်း၌တေးသီသော စာငှက်တို့အသံနှင့်အတူ အိမ်အောက်ထပ်ရေဒီယိုမှသီချင်းသံအား အခန်းပြင်သို့ထွက်ထွက်ချင်းကြားလိုက်ရသည်။

အိမ်အောက်ထပ်သို့ဆင်းလာပြီး ဧည့်ခန်းထဲသို့လှည့်ကြည့်မိတော့ အစ်ကို့ဖေဖေနဲ့မေမေကိုတွေ့လိုက်သည်။ သတင်းစာဖတ်နေတဲ့ အန်ကယ် နဲ့ ပန်းနုရောင်အဆင်းရှိတဲ့ ကြာပန်းတွေကို ပန်းအိုးထိုးနေတဲ့ အန်တီကိုကြည့်ပြီး ညကအစ်ကိုပြောခဲ့တာကိုသတိရသွားသည်။

အရင်လိုအချစ်တွေမရှိတော့လို့ ကွာရှင်းခဲ့ကြတာ...လက်ထပ်တယ်ဆိုတာ ထင်သလောက်မရိုးရှင်းဘူးဘဲ။

ဆောင်းဟွန်းတစ်ဖက်သို့ကြည့်နေမိတုန်း လည်ဂုတ်ထက်အေးခနဲဖြစ်သွားသောအရာကြောင့်လှည့်ကြည့်မိတော့

"ပြောပါဦး ဒီတစ်ခါရော မင်းကိုပထမဆုံးရေလောင်းတဲ့သူက ကိုယ်ဖြစ်နေတုန်းလား"

ပထမတစ်ခေါက်ကလို သပြေခက်တော့မပါပေမယ့် ငွေဖလားကရေကိုအတန်ငယ်လောင်းလိုက်၍ သူ့အင်္ကျီတစ်ခြမ်းမှာစိုသွားသော်ငြား ထိုသူကိုစိတ်ဆိုးခြင်းအလျဉ်းမရှိခဲ့ပါချေ။

စိတ်ဆိုးဖို့တောင်မပြောလေနဲ့ ဒီလူ့အကြည့်တစ်ချက်နဲ့တင် သူ့အပြုံးတွေကပွင့်လာတာ။

"ကျွန်တော့်ကိုရေလောင်းဖို့ဘယ်ကတည်းကချောင်းနေတာလဲ"

"မနေ့ကတည်းကလေ။ ဒါပေမယ့် မနေ့ကအလွမ်းသယ်နေရတာနဲ့ ရေလောင်းဖို့မေ့သွားတာ။ တော်သေးတာပေါ့ အပြင်သွားတုန်းက မင်းကိုဘယ်သူမှရေမလောင်းလိုက်လို့"

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now