မတ်လလယ်၊၂၀၂၄။"ဆောင်းဟွန်း မင်းအဆင်ပြေရဲ့လား"
ပခုံးကိုပုတ်ကာဆိုလာသောသူငယ်ချင်းအားလှည့်ကြည့်၍ အသာခေါင်းညိတ်ပြလိုက်သည်။
"ဘာပြောပြော အရင်စိတ်ကိုအနားပေးဦး။မင်းရဲ့အစ်ကိုကအဆင်ပြေနေမှာပါ။အမြဲတမ်းတွေးပူနေတာ ကြာရင်မင်းကျန်းမာရေးထိခိုက်မယ်"
"ငါတကယ်အဆင်ပြေပါတယ်။အစ်ကိုကသူ့ကိုယ်သူထိန်းသိမ်းတတ်တဲ့လူကြီးတစ်ယောက်ပဲ။ငါ့ထက်တောင်ရင့်ကျက်တဲ့သူမလို့ သူအဆင်ပြေမှာငါသိပါတယ်"
အပြုံးလေးဖြင့်ပြောနေသည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဂျိတ်ခ်ပင်စိတ်မကောင်းဖြစ်လာမိသည်။ဘယ်လောက်ပဲ ကုမ္ပဏီတစ်ခုကိုဦးစီးနေပြီဖြစ်တဲ့လူဖြစ်ပါစေ ဆောင်းဟွန်းနဲ့ခင်လာတဲ့တစ်လျှောက် ထိုသူ့ကိုအာရုံများထွေပြားအောင်လုပ်နိုင်သည့်သူက အီဟီဆွန်းဆိုတဲ့လူပါတဲ့။
အခုလည်းနှုတ်ကသာထုတ်မပြောတာ။ ဆောင်းဟွန်းစိတ်ထဲအတွေးတွေပြည့်နေမှာသူသိသည်။
"ကဲပါ လောလောဆယ်အစည်းအဝေးစတော့မှာမလို့ သွားရအောင် ဆောင်းဟွန်း။အရေးကြီးတဲ့အစည်းအဝေးမလို့ လူမှုရေးကိုခဏအပြင်မှာထားခဲ့ရအောင်"
ဆောင်းဟွန်းပခုံးအား အားပေးသလိုဆုပ်ညစ်လိုက်ပြီး အစည်းအဝေးခန်းရှိရာသို့ထွက်လာလိုက်သည်။အစည်းအဝေးခန်းရှေ့ရောက်နေသောတစ်ဖက်ကုမ္ပဏီမှ စီအီးအိုကိုမြင်လိုက်ချိန် သူပြုံးပြလိုက်သည်။
အနားသို့ရောက်တော့ ထိုသူဟာဘေးရှိလူများကိုအရင်ဝင်ခိုင်းနှင့်ပြီး အမြဲလိုလိုတွယ်ကပ်နေတတ်သည့်လက်တို့က သူ့ခါးထက်ရောက်လာတော့သည်။
"လွမ်းနေခဲ့တာ။ဒီညအိမ်ပြန်လာခဲ့မယ်"
"အင်း...."
"မျက်နှာမကောင်းဘူး။ဘာဖြစ်လို့လဲ"
ထိုသူ့အမေးကြောင့်အနောကတွင်ကျန်ရစ်သောဆောင်းဟွန်းကိုလှည့်ကြည့်လိုက်မိသည်။
"ဆောင်းဟွန်း အဆင်မပြေဘူးထင်တယ်။အခုတလောသူအတွေးတွေများနေပုံပဲ"
YOU ARE READING
The loyalty of Padauk from Mandalay : HeeHoon
Fanfiction"ပန်းပိတောက်တို့အားအမှူးထား၍ သစ္စာဆိုရသော်..." - Written in Burmese + fully credit to the original owner of cv photo [ the whole story is author's imagination]