အပိုင်း ၃ - ဆွတ်ခူးပါလေ ပိတောက်ဦး

536 66 8
                                    


ဧပြီလ ၁၄ရက်၊သင်္ကြန်အကျနေ့

'နောင်နှစ်ခါသင်္ကြန်ကျရင် ဝင်းပပမျက်နှာ...ရွှေမေတ္တာပိုမိုထားလို့ စောင့်စားတော်မူပါ။

ပိတောက်ပန်းတွေ ဝါရည်လူး...ခူးခဲ့မယ် ပန်စရာ။

နှစ်သစ်မှာကြည်ကြည်နူးနူး ကျန်းမာချမ်းသာဝမ်းသာစေကြောင်းပါ။'

ရွှေစင်သွန်းသောပိတောက်ဝါတို့သည် ခြံဝင်းထဲ၌ဖူးပွင့်ကြလေပြီ။လေယူရာယိမ်းတိုင်း ပွင့်ဖတ်ဝါတို့က တသဲသဲကြွေကာ မြေပေါ်၌ရွှေကမ္ဗာလာခင်းထားသည့်အလား။

ဆောင်းဟွန်း ဒီနေ့တော့မနက်ခင်းရေကစားမထွက်ဖြစ်ဘဲ အိမ်ကပ်နေမိ၏။ ကပ်သည်ဆိုတာကလည်း ဒီနေ့မနက်အိမ်တွင်ဆွမ်းကပ်ရှိရာ ကိုယ်ကဧည့်သည်ဖြစ်နေပေမယ့် ဖာသိဖာသာမနေချင်၍ အန်တီ့ကိုကူပေးနေခြင်းပင်။

ကိုရီးယားတုန်းက မီးဖိုခန်းတောင်မဝင်တဲ့သူက အခုတော့ ဘုန်းကြီးဆွမ်းဘုန်းပေးပြီးသားပန်းကန်များကိုဆေးနေခဲ့တာ...အိမ်ကလူတွေသာမြင်ရင် ပတ်ဆောင်းဟွန်းတော့အစ်ကိုရောဂါကျွမ်းနေပြီထင်တော့မှာအသေချာ။

"ကလေး ထားခဲ့လိုက်တော့။ကျန်တာအန်တီလုပ်လိုက်မယ်။မင်းသွားနားတော့"

မီးဖိုခန်းအဝမှအန်တီမှာဆောင်းဟွန်းအနားသို့လျှောက်လာခဲ့သည်။ပန်းကန်ဆေးလက်စဆောင်းဟွန်းကတော့ အန်တီ့ကိုလှည့်မကြည့်ဘဲ

"ရတယ် အန်တီ။ဘယ်လောက်မှလည်းမကျန်တော့ဘူး"

"လိမ္ဘာလိုက်တာကြည့်ပါဦး။ဆောင်းဟွန်းလေးကို ဟိုကိုပြန်တောင်မလွှတ်ချင်တော့ဘူး"

"ကျွန်တော်လည်းမပြန်ချင်တော့ဘူးထင်ပါတယ် အန်တီရာ"

ဆောင်းဟွန်းမှာရယ်လျက်ပြောလိုက်သည်။ထို့နောက်နောက်ဆုံးသောပန်းကန်ကိုလက်စသတ်၍ အန်တီ့ဖက်ကိုလှည့်ကြည့်လိုက်တော့

"အန်တီ အဲ့ဒါဘာပန်းလည်းဟင်"

အဝါရောင်ပွင့်ဖတ်တို့ဖြင့် အခိုင်လိုက်ဝေနေအောင်ပွင့်သောပန်းများကိုမမြင်ဖူး၍မေးလိုက်ရာ အန်တီကထိုပန်းတို့အား အကိုင်းအခက်များကိုသေချာညှိ၍ ပန်းအိုးထဲစိုက်ရင်း

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now