အချိန်သည်ကား အနာဂတ်ကိုမမြင်ရသေးချိိန် ရှည်ကြာလွန်းသည်ဟုထင်မှတ်ရပြီး အတိတ်ကိုပြန်မျှော်ကြည့်ပါမူ မျက်တောင်တစ်ခတ်စာအတွင်း ကုန်သွားသည်ဟုထင်မြင်မိစေသည်။ရာသီအလိုက်ပွင့်သော ပန်းမန်တို့သည် နေခြည်နွေးနွေးကိုခိုလှုံ၍ အချို့မှာ ငုံကင်းစပြုသည်။အချို့က ကြွေလွှင့်ကြသည်။အချို့မှာတော့ ပွင့်ဖတ်တို့ကိုဝင့်ကာ နေခြည်နဲ့အပြိုင် အလှဆုံးဖူးပွင့်ကြသည်။
နွေနဲ့အပြိုင်လှသည်ပန်းများထဲ အလှတရားတို့၏ကျက်သရေ၊ ချစ်ခြင်းသစ္စာတို့၏စံဖြစ်သော ပိတောက်တို့မှာလည်း ဖူးကြငုံကြလေပြီ။
နွေသည်ကား တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီ။ ထိုနည်းတူ မိုးကောင်းကင်တစ်ခွင် မိုးတိမ်များကင်းစင်၍ ရောင်နီသည်လည်းပြန်၍ ထွန်းတောက်လာခဲ့လေပြီ။
ခုနှစ်ကား ၂၀၂၅ ခုနှစ်ပင်ဖြစ်၏။
ကြည်ပြာရောင်သန်းသော ကောင်းကင်ယံသည် တိမ်ကင်းစင်၍ မပြင်းမပျော့သောအရှေ့ရပ်မှ နေခြည်နွေးနွေးကား အာကာယံတစ်ခွင်လွှမ်းခြုံစပြုလာသည်။
ကန်ရေပြင်ကျယ်မှာလည်း ကောင်းကင်အရိပ်ပြန်ဟပ်သည့်အလား ရေပြင်ဟာပြာလဲ့လဲ့ထနေသည်။သွားလာနေသည့် လှေသမ္ဗာန်ငယ်တို့ကြောင့် ရေပြင်ဟာလှိုင်းထလျက်။
တစ်ခါမျှမရောက်ဖူးခဲ့သည့်ဤနေရာသည်သူ့အား ကမ္ဘာသစ်တစ်ခုကိုခေါ်ဆောင်ပေးသွားသည့်အလား။
အင်းလေးကန်ဟာ နတ်ဘုံနတ်နန်းတစ်ခုနဲ့အမှန်ပင် တူလှသည်။
"ဆောင်းဟွန်း မန္တလေးနဲ့အင်းလေး ဘာကပိုလှလည်း မင်းပြောကြည့်"
ကားမှန်ချထားသည်ဖြစ်၍ လေကတဖြူးဖြူးတိုက်နေသည်။ ဆောင်းဟွန်း အင်းလေးကန်ကိုကြည့်နေရာမှ ကားမောင်းနေသောဗန့်ဖက်ကိုလှည့်ကြည့်ပြီး
"အင်းလေးက သဘာဝတရားနဲ့ပိုနီးစပ်တယ်။ပတ်ဝန်းကျင် လူနေမှုတွေကအစ သဘာဝနဲ့အလိုက်အထိုက်နေတာနဲ့တူပြီး မန္တလေးက သမိုင်းတွေနဲ့ရောယှက်နေထိုင်သလိုခံစားရတယ်။ ခေတ်နဲ့အညီလည်းနေကြသလို သမိုင်းကိုလည်း ခေတ်နဲ့အတူသယ်ဆောင်လာသလိုလေ။ လှတာတော့ နှစ်မြို့လုံးသူ့နည်းသူ့ဟန်နဲ့သူလှကြပါတယ်...."
YOU ARE READING
The loyalty of Padauk from Mandalay : HeeHoon
Fanfiction"ပန်းပိတောက်တို့အားအမှူးထား၍ သစ္စာဆိုရသော်..." - Written in Burmese + fully credit to the original owner of cv photo [ the whole story is author's imagination]