အပိုင်း ၄ - တောင်သမန်အင်းနှင့်မယ်ဇင်တန်း

436 38 10
                                    

"မောင်ဆိုတဲ့အခေါ်အဝေါ်က ကိုယ့်ထက်အသက်ငယ်တဲ့သူတွေကိုမှခေါ်တာမဟုတ်ဘူးလား။တို့ဖြင့် အဲ့လိုခေါ်ရမှာမကြိုက်ပေါင်"

"ရော်...ကိုယ့်ချစ်သူကို မြတ်နိုးတဲ့သဘောနဲ့ခေါ်တဲ့အသုံးအနှုန်းမှာ အသက်အပိုင်းအခြားရယ်လို့ဘယ်ရှိပါ့မလဲ။ကိုယ်ကတော့ အဲ့လိုခေါ်ခံရတာသဘောကျလို့ ကိုယ်သာချစ်သူရရင် အဲ့လိုမျိုးကိုခေါ်ခိုင်းဦးမှာ"

"တကယ်ပြောနေတာလား"

"တကယ်ပေါ့"

"ဒါဖြင့် တစ်ခြားသူကိုပဲပြောင်းကြိုက်လိုက်ပါတော့နော်။တို့တော့ အီသန့်ကိုမစဉ်းစားပေးနိုင်တော့ဘူး"

"ဟောဗျာ အဲ့လိုတော့မရက်စက်ပါနဲ့လည်းမိန်းကလေးရယ်။ကိုယ့်ကိုတစ်နှစ်ကြီးများတောင်စောင့်ခိုင်းပြီး ငြင်းလိုက်ရင် ကိုယ်ရင်ကျိုးရချည်ရဲ့"

"အီသန့်ကို တို့ဘယ်မှာစောင့်ခိုင်းလို့လဲ။တို့ပြောပြီးသားလေ...အကယ်လို့ အီသန်တို့အပေါ်အရင်လိုစိတ်ဝင်စားမှုတွေမရှိတော့ဘူးဆိုရင်လည်း အီသန့်သဘောပဲလို့"

"ကိုယ်ကိုယ်တိုင်ကအချိန်ဘယ်လောက်ကြာကြာ မင်းကိုစောင့်ချင်လို့ပါ။မင်းအပေါ်ထားတဲ့ကိုယ့်မေတ္တာတွေက အချိန်ကြာလေ ပိုတိုးပွါးလေပဲဖြစ်မှာ"

"ဒါဖြင့် အီသန်ပြောကြည့်စမ်းပါဦး။အကယ်၍ တို့သာအီသန့်အနားမရှိတော့ရင်ရော အီသန်တို့ကိုစောင့်နေဦးမှာလား"

ထိုအခါဟီဆွန်းမှာကြွေကျလာသောစိန်ပန်းနီနီတစ်ပွင့်ကိဖမ်းဆုပ်ကာ သူမ၏ဆံစ၌ပန်ပေးရင်း

"အဲ့လိုသာဆို ကွယ်လွန်ခြင်းဆိုတဲ့ကမ္ဘာတစ်ဖက်မှာ ကျန်ရစ်တဲ့ကိုယ်တော့ အမှောင်မိုက်ဆုံးညတွေကို တစ်ကိုယ်ထဲဘယ်လိုဖြတ်သန်းရမလည်းဆိုတာ မစဉ်းစားဝံ့ပဲရှိမှာပေါ့ကွာ"

ထိုအခါ သူမလေးမှာ မူပိုင်အကျင့်အတိုင်းမျက်စောင်းကိုဝင့်ကာထိုးသည်။

ဘေးလူတွေသာကြားရင် အီသန်ကသိပ်ချစ်တတ်တဲ့လူပါလား၊အချစ်ကိုနူးနူးညံ့ညံ့ဖွဲ့ဆိုတတ်တဲ့သူပါလားထင်ရမှာပေမယ့် အကြောင်းသိနေတဲ့သူမဟာ ဟီဆွန်း၏လက်ဖမိုးကိုခပ်ဆတ်ဆတ်ရိုက်ချလိုက်သည်။

The loyalty of Padauk from Mandalay : HeeHoonWhere stories live. Discover now