10

227 15 0
                                    

တောထဲရောက်သည်အထိ မနားမနေသွားပြီး တောနက်ထဲရောက်မှ မီးအလင်းရောင်ကိုတွေ့လိုက်ရတော့မှ စိတ်အေးသွားတော့သည်

သူတို့တွေ ဘေးကင်းနေသေးတယ် ၊ တောအုပ်က သူတို့တိုင်းပြည်ရဲ့အနောက်ဘက်မှာရှိတာမို့လို့ စစ်ပွဲနဲ့ဝေးတယ်ဆိုပေမဲ့ အနောက်ကနေဖောက်ဝင်လို့ ရတယ်လေ

တောနက်ထဲရောက်တော့ တဲတွေအများကြီးထဲက Ben နေတဲ့တဲကို မနည်းလိုက်ရှာရသေးတယ်

"Ben!"

"ကိုကို"

ဟော တွေ့ပါပြီ ဟိုးနောက်ဆုံးတဲကလှမ်းအော်တယ်၊ နောက်ဆုံးတဲဆိုတော့ နည်းနည်းမကျေမနပ်ပေ ဒါပေမဲ့ သူကဘာပြောနိုင်မတဲ့

"Ben ဒီမှာ အားလုံးစားဖို့ ရိက္ခာလာပို့တာ ဝေပေးလိုက်ပါအုံး"

"ဟုတ်ကဲ့ ကိုကိုထားခဲ့လိုက်"

Ethan တစ်ယောက် Ben နဲ့စကားပြောနေတုန်း တဲပေါ်ကနေ အူးယားဖားယားပြေးဆင်းလာသော မင်းသားငယ်ကို မျက်စိထောင့်က လှမ်းတွေ့လိုက်သည်

"မင်းသား Ethan စစ်ပွဲကဘယ်လိုနေလဲ Noaကောအဆင်ပြေရဲ့လား"

Jake ကတော့ တော်တော်ကောင်းတဲ့ ညီငယ်လေးကိုပိုင်ဆိုင်ထားတာဘဲ အစ်ကိုတော်ကို အရင်မမေးဘဲနဲ့ ချစ်ရသူကိုအရင်မေးသည်

ဒါကတော့ လူတိုင်းအချစ်နဲ့တွေ့ရင် ဖြစ်တတ်ပါသည်၊ သူ့ညီငယ်လေးလည်း အဖြေကိုစောင့်ဆိုင်းနေသလို မျက်လုံးကနေလည်း သူ့အရှင်ဘယ်လိုနေလဲဆိုတာကို မေး‌နေသလို Ethanခံစားမိသည်

"စစ်ပွဲကတော့ နှစ်ဖက်စလုံးသရေပါဘဲ မင်းသားငယ်"

"Noa ကကော"

"ဗိုလ်မှူးလေး Noa ကတပ်သားတစ်ယောက်ကိုသွားကယ်တင်ရင်းနဲ့ လက်မောင်းကိုထိထားပါတယ် မင်းသားငယ်"

"မင်းသား Ethanပြန်ရင် ကျွန်တော်လည်းလိုက်မယ်"

"ဘာလိုက်လုပ်မလို့ပါလဲ မင်းသားငယ်"

"Noa ကိုလိုက်ကြည့်ချင်လို့ပါ"

"စိတ်မပူပါနဲ့ ဆေးထည့်ပြီးအိပ်ပျော်နေတာမို့လို့"

"အဲ့ဒါကြောင့် ပိုလိုက်ချင်တာပါ"

Ethan ကြောင်သွားသည် ၊ဆေးထည့်ပြီးအိပ်ရင် အနာသက်သာပြီးမလား ၊ မင်းသားငယ်ကိုမခေါ်ချင်တာက စစ်ပွဲကဘယ်လိုဖြစ်အုံးမလဲမသိသေးတာကြောင့်ရယ် Ben တစ်ယောက်တည်းကို ထားခဲ့ရမှာကြောင့်ရယ်ပေါ့

𝘔𝘠 𝘓𝘖𝘙𝘋{အရှင်}Where stories live. Discover now