🔸ထောင့်ငါးရာ ရင်ခွင်
#အပိုင်း (၂)
" အမလေး ကျွတ်!! ကျွတ်!! ငါ့ဗိုက်! သေပါပြီတော် နာလိုက်တာ "
မနေ့ည ဆရာထွက်သွားပြီးနောက်ပိုင်း ဆရာမ နှစ်ယောက် ပြင်ပေးလာတဲ့ ညစာကို ဗိုက်ဆာဆာနဲ့ ဆွဲလိုက်တာ ခုတော့ ဗိုက်က ရစ်ပြီး နာလာသည်။
"ဟူးးအဲတာကြောင့် အိမ်မက်ထဲမှာ အိမ်သာ ဘယ်နှစ်ကြိမ်တက်တက် တက်ချင်နေတုန်းကိုးးး!!"
တစ်ယောက်တည်း ကိုယ့်ဟာကို ပြောရင်း အခန်းထဲ က ထွက်လာခဲ့သည်။ အဆောင်ရှေ့က မီးအလင်း ရောင် မိန်မိန်တွေကြောင့် လမ်းတော့ ကောင်း ကောင်း မြင်ရတာမို့ ဝေဝေ ဗိုက်ကို နှိပ်ပြီး စင်္ကြန် အတိုင်းလျှောက်လာခဲ့သည်။
လမ်းဆုံးသွားမှ ဝေဝေ ကိုယ့်နှဖူးကိုယ် ရိုက်ချပစ် လိုက်သည်။
" အရှုးးမ မနေ့ညက အိမ်သာဘယ်မှာ ရှိလဲ မေးထားရမှာကို! စားတုန်းက စားပြီး အမလေး နာလိုက်တာ.."
ဗိုက်ကလည်း အလျှော့မပေးတော့ ဝေဝေ မှာ အိမ်သာကို တွေ့လို တွေ့ငှါး ချောင်ကျိူ ချောင်ကြား မကျန် ပတ်ရှာရင်း အဆောင်ရှေ့ဘက်ခြမ်းကို ရောက် လာ သည်။
" ဒီအချိန် လူတွေကို သွားနိုးရင်လည်း အရှက်က ကွဲအုံးမှာ ဒုက္ခပါဘဲ ဒီအိမ်သာ ဘယ်ရောက်နေတာလဲ ဟ "
အထဲက အကြွေးရှင်တွေကလည်း ထွက်ချင်နေပြီ။ ဆရာမလာလုပ်ပါတယ် ဆိုကာမှ ဟီးးးသေချင်တာဘဲ..။ခုထိ ရှာမတွေ့သေးတဲ့ အိမ်သာကို ဗိုက်နှိပ်ထားရင်း မျက်လုံးကလည်း မရပ်မနား ရှာနေရာက ခြေ ဆယ်လမ်း အကွာက သံတံခါး အရှေ့တွင် လမ်းမီးရောင် အောက်တွင် လှုပ်ခပ်သွားတဲ့ အဖြူရောင် လူရိပ်တစ်ခုခုကြောင့် နာနေတဲ့ ဗိုက်ဟာလည်း ချက်ချင်းပျောက်သွားသည်။
"........"
သရဲ အခြောက်ခံရပြီဆိုတာ သိလိုက်ပြီမို့ အသံဗြဲကြီးနဲ့ အော်မနေတော့ဘဲ ထိုသရဲ မသိအောင် လှည့်ပြန်မယ်ရှိသေး ထို အရပ်ဟာ မီးရောင်ရှိရာသို့ တိုးလိုက်တာမို့ ဝေဝေ မျက်စိကို ဆုံမိတ်ချပြီး ရှိသမျှအားကို ထုတ်ကာ ဘာဖြစ်ဖြစ်ကွာ ဆိုသည့် စိတ်နဲ့ အော်ချပစ်လိုက်သည်။
YOU ARE READING
🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi)
Romance🔸ထောင့်ငါးရာ..ရင်ခွင် ဘဝကို အပူအပင်ကင်းကင်း အသက်ရှင်လာတဲ့ မိန်းကလေးတစ်ယောက်~ သူမရဲ့ တပည့်လို့တောင် ဆိုလို့ရနိုင်မည့် လျှိူ့ဝှက်ချက်တွေနဲ့ ပြည့်နက်နေတဲ့ ပေတေတေ ကောင်လေးကိုမှ အရှုးအမူးချစ်မိသွား ပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလာတဲ့အခါ ဝေးသွားခဲ့က...