Part - 1 ( Uni)

1.7K 42 4
                                    

🔸ထောင့်ငါးရာ ရင်ခွင်

#အပိုင်း (၁)

" ဟူးးးပူလွန်းလို့ သေတော့မှာဘဲ! အားးစိတ်တိုလိုက်တာ တကယ်ဘဲ "

ပူလွန်းတဲ့ ရာသီဥတု ကြောင့် အိမ်ရှေ့က ကွပ်ပစ်ပေါ်မှာ ဖြစ်သလို ထိုင်ချရင်း ဝေဝေ စိတ်တိုတိုနဲ့ ရာသီတုတုကို အပြစ်ဖို့သလို အားရပါးရ အော်ပစ်လိုက်သည်။

တကယ်တော့ ဆောက်လုပ်ရေး ကုမ္မဏီမှာ စာရေးမအတွက် အလုပ်သွားလျှောက်တာ မအောင်တဲ့အပြင်
မာန်နေဂျာဆိုလား ဘာဆိုလား မဲမဲသည်းသည်းနဲ့အကောင်က အလုပ်စကားမပြောဘဲ ရိသဲ့သဲ့လာလုပ်လို့ ပါးကြီးချပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"မီးကပျက် ပူကပူနဲ့ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းလိုက်တာ! မေကြီးရေ မကျည်းရေ‌အေးအေးလေး တစ်‌ခွက်သောက်ချင်တယ်
ဖျော်တိုက်လို့! "

မလှမ်းမကမ်းက သစ်ပင်အောက်တွငိ မျိူးစေ့အတွက် ပြောင်းဖူ‌ ချွေနေသည့် မအေကို ‌ချွဲကပ်လိုက်တော့ အစေ့ချွေပြီးသား ပြောင်းဖူးရိုးနဲ့ အပေါက်ခံလိုက်ရသည်။

" ညည်း လက်တွေ ခြေတွေ မပါဘူးလားငါမွေးထားတာ အကောင်းကြီးနော်! သွား ကိုယ့်ဟာကို ဖျော်သောက် "

" အာ! နာတယ်လို့ မေကြီး! သူများသားသမီးကို မစာမနာ အီးးး"

"ငိုချင်တဲ့ကလေး လက်တို့" ဆိုသလိုဘဲ နဂိုတည်းက အုံ့‌မှိုင်းနေတဲ့ တိမ်ဟာ ခုတော့ မိုးရေလေးတွေ သွန်လောင်းနေပြီ..။

" မကြီးမငယ်နဲ့ တိတ်စမ်းပါအေ နားးညည်းလွန်းလို့! "
" အီးးးမတိတ်နိုင်ဘူး! အစကတည်းက ဒေါ်သီတာဝေ
ကျွန်မကို ဘာလို့ ပြောင်းဖူးရိုးနဲ့ပေါက်တုန်း! ဒီမှာ ဒေါ်သီတာဝေရဲ့ သမီး အလုပ် မရလာလို့ စိတ်ညစ် နေပါတယ်ဆို ဗြဲ"

" သိတယ် သိတယ် ညည်း ထွက်သွားကတည်းက ကျူပ်က ကြိုသိနေတယ်! ဘွဲ့ရတာ ဘယ်နှစ်နှစ် ရှိနေပြီလဲ "

" လေးနှစ်ဘဲ ရှိသေးတာကို သူများဆို သင်္ချိုင်းကုန်း ခြေ နှစ်ဖက်တောင် လှမ်းနေပြီ ခုထိ အလုပ်မရသေး ဘူး သမီးက ခုမှ ၂၄ နှစ်ဘဲရှိသေးတာကို!!"

🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi) Where stories live. Discover now