Part - 4 (Uni)

322 15 1
                                    

🔸ထောင့်ငါးရာ ရင်ခွင်

#အပိုင်း(၄)

"ငါ့သမီးကြီး ဟိုမှာ အဆင်ကော ပြေပါ့မလား
ဘယ်လိုနေနေလဲ မသိဘူး..ထမင်း‌ တောင်
နပ်ပါ့မလား‌နော် .."

" နန်းဝေဝေလွင်လား အစားမမှန်မှာ!"
" ဟုတ်တယ်နော ကိုလတ်  နာရီဝက် တစ်ခါဗိုက်ဆာလို့ ဟိုရှာ ဒီရှာ စား‌တဲ့သူကို..ဟိုမှာဆို ပိုဆိုးနေအုံးမှာ အဆောင်မှာ နေတယ်ဆိုပြီး မုန့်တွေ ဘယ်လောက်
ဝယ်ထားမလဲ "

"ငါပြောချင်တာ အဲတာဘဲ  ငယ်မ နန်းဝေဝေ လို ပါးစပ်နဲ့ လက် မပြတ်လို့ တားယူနေရတာကို မေကြီးပြော လိုက်မှ ဟားးဟားး ရီချင်သွားတာဘဲ "

"အေးလေ..မကြီးလား ဗိုက်ဆာ ခံမဲ့သူ.. ဗိုက်ဆာပြီဆိုတာ.."

"နှစ်ယောက်လုံး တိတ်စမ်း..ကိုယ့် အစ်မကို နည်းနည်း တွေးပူမယ် မရှိဘူး.."

ဒေါ်သီတာဝေ၏ စကားအဆုံးမှာ‌ မောင်နှမ နှစ်ယောက် လုံး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အသံတိတ်သွားကြသည်။

ညိုးငယ်နေသည့် မိခင်မျက်နှာကို အကဲခတ်ရင်း မောင်နှမ နှစ်ယောက်လုံး မှားပြီဆိုတဲ့ အတွေးနဲ့ ခေါင်း ငုံ့နေကြသည်။

" ညည်းတို့ အစ်မ အကြောင်းမသိတာလဲ မဟုတ် ~ ဘယ်နှစ်ခါ သူ့ကိုယ်ကျိူးအတွက် လုပ်ဖူးတာ ရှိလို့လဲ? ခုလည်း ညည်းတို့ နှစ်ယောက်ရဲ့ ကျောင်းစရိတ်အ တွက်  ဒီလောက်ဝေးတဲ့ နေရာကို အလုပ်လုပ်ဖို့ ထွက်သွားတာ မသိဘူးလား? သူ့မှာ တစ်ခါမှ အိမ်နဲ့ ခွဲနေဖူးတာ မဟုတ်ဘူး.."

‌မေကြီးက ပြောရင်း စိတ်ပူသွားသလို ချွေလက်စ ပြောင်းဖူးကို ကိုင်ထားရင်း အပြင်ဘက်ကို ငေးကြည့်ကာ

" ရောက်ပြီဆိုပြီး ဖုန်းတခါဘဲ ဆက်လာပြီး နောက် ထပ် သတင်းလည်း မကြားရတော့ဘူး..မနေချင်တာကို တင်းခံပြီး နေနေတာလားမသိ!ဟူးးး"

သက်ပြင်းကို ချလိုက် ပြောင်းစေ့တွေကို မွေလိုက်နှင့် အလုပ်ရှုပ်နေသည့် မေကြီးကြောင့် မောင်နှမနှစ်ယောက်လုံး နားစွင့်နေဆဲ..။

" ဒါကြောင့် မသွားပါနဲ့လို့ ပြောတာကို ဒီ ဆယ်သိန်းကို မက်ပြီး ထွက်သွားတယ်..တရွာမပြောင်း သူကောင်း မဖြစ်ဘူးဆိုပြီး ခုတော့ ဖုန်းတောင် ဆက်မလာတော့ဘူး.. တစ်ခုခုများ ဖြစ်နေလား မသိ..ဟူးးး.."

🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi) Where stories live. Discover now