ထောင့်ငါးရာ ရင်ခွင်
#အပိုင်း (၇)
" ဟား စိုင်း ဒီ ဦးထုတ်လေးနဲ့ လိုက်သား.. တမျိုးလေး ကြည့်ကောင်းနေတယ်! .."
"ဟုတ်ရဲ့လား?"
" ဟုတ်ပါတယ်ဆို.. မယုံရင် ရှေ့က မှန်ထဲ သွားကြည့်.."
စိုင်းသူနိုင် သူငယ်ချင်းမလေး အပြောအောက်တွင် သွားပင် မစိနိုင်အောင် သဘောကျနေလေရဲ့..။
လောက်ကိုင်ကို အလုပ်နဲ့ လာရပေမဲ့ ခုလို ပျော်ရမယ်လို့ သူတကယ် မထင်ခဲ့..။ ညပိုင်း တွေ့ကြဖို့ သူ ဝေဝေကို ပြောချိန်ဆို ငြင်းများ ငြင်းလိုက်ပါ့မလားဟူ၍ ရင်တုန် ပန်းတုန်နဲ့ အဖြေကို စောင့်နေခဲ့ရသည်..။
နောက်ဆုံး သူငယ်ချင်းမလေးက ခွင့်တိုင်ပြီး ထွက်လာမည်ဟု ဖုန်းဆက်လာချိန်ဆို သူ ထခုန်သည်အထိပင် အပျော်လွန်ခဲ့သည်..။
"........"
စိုင်းတစ်ယောက် မှန်ရှေ့ သဘောကျစွာ ရပ်ကြည့်နေ သည်ကို မြင်ပြီး ဝေဝေလည်း အပျော်ကူးစက်သွားရ သည်..။
စိုင်းသူရနိုင်တို့ လူကောင်ကတာ ကြီးလာပြီး ရင့်ကျက်လာတာ ပျော်နေသည့် ပုံကတော့ ငယ်ငယ်ကနဲ့ တစ်ပုံစံတည်း..။
ငယ်ငယ်က ဝေဝေ တစ်ခွန်းဆို တစ်ခွန်း၊ ဒါဆို ဒါ အကြိုက်ဆောင် အလိုလိုက်ပေးခဲ့သူ..။ ငယ်ငယ်တုန်းက ဝေဝေတို့မှာ လူကသာ ဘားမဟုတ်တာ သူများ သားသမီးကို အားပါးတရ နိုင်စားခဲ့သည်..။
စိုင်းကလည်း မိန်းကလေး သုံးယောက်ထဲမှာ ဝေဝေကို ဆို အသည်းခံပေးဆုံးဖြစ်သည်..။
အဲလိုတွေ လုပ်ခဲ့လို့များ အခု သူမ ပြန်ပြီး ဝဋ်လည်သည် ထင်ပါရဲ့..။
ခုတော့ နိုင်စားလို့မရတဲ့အပြင် ကိုယ်ပိုင် လုပ်ငန်းနှင့် ကိုယ်တိုင် စီမံနေတာမြင်တော့ ကိုယ့်ကို စိတ်ပျက် မိသည်..။
" လောပန်း ဒီ ဦးထုတ်လေး ယူမယ်! ဒါလေးဘယ်လောက်လဲ?"
" ၅၀၀၀ ဘဲပေး..သမီး!"
" ဟုတ် ဒီမှာနော် ဦးလေး.."
" ဘာလုပ်တာလဲ? မိဝေ! ငါ့ဟာ ငါ ဝယ်ပါ့မယ် "
YOU ARE READING
🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi)
Romance🔸ထောင့်ငါးရာ..ရင်ခွင် ဘဝကို အပူအပင်ကင်းကင်း အသက်ရှင်လာတဲ့ မိန်းကလေးတစ်ယောက်~ သူမရဲ့ တပည့်လို့တောင် ဆိုလို့ရနိုင်မည့် လျှိူ့ဝှက်ချက်တွေနဲ့ ပြည့်နက်နေတဲ့ ပေတေတေ ကောင်လေးကိုမှ အရှုးအမူးချစ်မိသွား ပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလာတဲ့အခါ ဝေးသွားခဲ့က...