Part - 10 (Uni & Zawgi)

289 16 3
                                    

🔸ထောင့်ငါးရာ ရင်ခွင်

#အပိုင်း(၁၀)

" မရသေးတဲ့သူ ဘယ်သူ ကျန်သေးလဲ?"

ကိုးတန်း ၇ ယောက်မှာမှ ၅၀ ကျော်အမှတ်ရတဲ့ သူက ၄ ယောက်..။ ဘောလ်ပင် ၅ ချောင်းစီ ပေးပြီး  ကျန်တဲ့ သုံးယောက်ကို တစ်ယောက် တစ်ချောင်းဆီ ဝေပေး သည်..။

နောက်ဆုံး လက်ထဲ ငါးချောင်းကျန်နေသေး၍ ‌မျက်နှာကြီး အောက်ငုံ့ထားသည့် ရဲသန့်နှင့် စိုင်းခန့်ထံ အကြည့် ရောက်သွားကာ

" ရဲသန့်နဲ့ စိုင်းခန့် ဒါ မင်းတို့ သူငယ်ချင်း နေမာန်ထက်ဇေ ကို ပေးလိုက်!"

" ဟုတ်ကဲ့! "

ရဲသန့်က လက်လှမ်းယူပြီး ပြန်ဖြေပေမဲ့ စိုင်းခန့်မှာမူ
ဝေဝေကို ကြည့်ဖော်ပင်မရဘဲ မျက်နှာလွဲထားသည်။
နှစ်ယောက်လုံး သူငယ်ချင်းဖြစ်သူ မရှိရှာတော့
ငိုင်နေတာ တစ်ပတ်‌လောက်ရှိတော့မည်..။

ဟိုကောင်လေးကလည်း ‌အခုထိ ဒဏ်ရာ‌တွေ မပျောက်သေးတာလား? ဘာလားတော့ မသိပေမဲ့ အတန်းမဝင်တာ‌ တော့ ‌ကြာ နေပါပါပြီ..။ ဆရာကြီး ဘုန်းမြတ်နဲ့ ဆရာဆွေကလည်း ဝေဝေ့ကို ဘာမှ မပြောလာ၍ ဝေဝေလည်း  တကူးတက မမေး ဖြစ်ပါ..။

လက်တောင် ကျိူးထားတယ်‌ဆိုတော့ ဒီထက်လည်း ကြာချင် ကြာနေအုံးမှာ..။

" ပေးဖြစ်အောင် ပေးလိုက်အုံး! နေကောင်းပြီဆိုလည်း  အတန်းလေး ဘာလေး လာတက်အုံးလို့ စာတွေ နောက်ကျ ကုန်တော့မယ်လို့ ပြောလိုက်အုံး.."

" အပိုတွေ..!"

စိုင်းခန့်က ထိုင်နေရင်းကဘဲ ဝေဝေကိုမော့ကြည့်လာပြီး မကြားသကြား ဆိုသွားပေမဲ့ ဝေဝေပါ ကြားဖြစ်အောင်ကို ရှင်းရှင်းလင်းလင်း ကြားဖြစ်လိုက်ပါသည်။ 

" ဘာပြောလိုက်တာ? စိုင်းခန့်.."

"......"

" ဘာပြောလိုက်တာလဲလို့ "

" ဆရာမ အပိုတွေ ပြောနေတယ်လို့ ပြောလိုက်တာ ! ဆရာမအတွက် နေမာန်မလာရင် ပိုကောင်းလေဘဲမဟုတ်လား! ဟန်ဆောင်ပြီး မစိုးရိမ်ပေးပါနဲ့ဗျာ..
ဟိုတစ်ခါ  နေမာန့်ကို ကူညီပေးလို့ ကျေးဇူးတင်ပေမဲ့
နေမာန်အပေါ် ဆရာမရဲ့ မကြိုက်တဲ့ အမူအယာတွေက ဒီလောက် သိတာနေတာ မြင်ရဆိုးတယ်‌ဗျ.."

🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi) Where stories live. Discover now