Part-5(Zawgi)

91 2 0
                                    

ထောင့်ငါးရာ ရင်ခွင်

#အပိုင်း(၅)

ဒီနေ့တော့ အိပ်ယာ ထတာနဲ့ ဝေဝေ စိတ်ပျော်နေပါသည်..။ မနေ့က အိမ်နဲ့ ဖုန်းပြောရသလို သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် ပြန်ရ၍ အားတွေ တမဟုတ်ချင်း ပြန်တက်လာသည်..။

ထူးအိမ်သင်းရဲ့ 'အဓိပတိလမ်းမပေါ်က' သီချင်းလေး ညည်းမိတော့ ဆရာမ သဇင်ထံမှ ကောင်လေး ရှိပြီ လားဆိုပြီး အနောက်ခံလိုက်ရသေးသည်..။

" မနေ့က ကြားပါတယ်နော်! ဟုတ်တယ်မလား မနေ့က ဖုန်းဆက်လာတဲ့ စိုင်းဆိုတဲ့ တစ်ယောက်က ငါ့ညီမ ကောင်လေး ဟုတ်တယ်မလား.."

" ရှန်! ငရဲတွေတော့ ကြီးကုန်တော့မှာဘဲ ဆရာမကလည်း သူငယ်ချင်းပါ! သူငယ်ချင်းတောင် ငယ်ပေါင်း တွေဆိုတော့ အဲလိုတစ်ခါတောင် မတွေးဖူးပါဘူး! ပြီးတော့ ဖုန်းပြောတုန်းက သူတစ်ယောက်တည်း မဟုတ်ဘူး သူ့ဘေးမှာ နောက်ထပ် သူငယ်ချင်းတွေ ရှိသေးတယ်.."

"တကယ်?..ဟုတ်လို့လားနော်? ကောင်လေးက အဲလို မဟုတ်ဘူးထင်တယ်နော်"

" ဟုတ်ပါတယ် ဆရာမရယ်..! ပြီးတော့ ကျွန်မလို ရွက် ကြမ်းရေကျိုကို သူများမပြောနဲ့ သူငယ်ချင်းဆို ပိုဆိုးပေါ့..သူ့အကြောင်း ကိုယ့်အကြောင်း အကုန်သိနေကြ တာ အဲလို မစဉ်းစားဖူးဘူး.."

" ဟင်းး! ဒါဆို အစ်မဘဲ စိတ်ထင်လို့ဖြစ်မှာ! ဒါနဲ့ ညီမလေးက ရွက်ကြမ်းရေကျိုမဟုတ်ရပါဘူးနော်! ညီမလေး အပြုံးက ဘယ်လောက် လှလိုက်လဲ? တစ်ခုဘဲ ! ဝိတ်လေး နည်းနည်းကျရင်ဖြင့် ကွက်တိ! ရုပ်ခံရှိပြီးသား!"

ပုံမှန်ဆို ကိုယ့်ကို အကဲခတ်ပေးတာမျိုး မကြိုက်ပေမဲ့ ကိုယ့်ကိုတိုင်က ရွက်ကြမ်းရေကျိုဆိုပြီး စထားတော့ အားနာပါးနာဖြင့်..

" ဟင်း! ဟုတ်လား!  ဒါပေမဲ့ ညီမက ဒီပုံတိုင်းလေး ကြိုက်လို့..ချဖြစ်မယ် မထင်တော့ဘူး! "

" ဒီအတွက်တော့ မပူနဲ့ အစ်မ ဒီကို လာတုန်းကလည်း ညီမလေးလို ကစ်ကစ်လေး! ပုံတောင် ရှိသေးတယ်! ဒါပေမဲ့ ဒီကို ရောက်တာ နှစ်လ သုံးလလောက်နဲ့တင် pressure တွေကြောင့် သူဟာသူ ကျသွားရော! "

"အဲ.."

ဆရာမ သဇင် ထုတ်ပြသည့် ပုံကို ကြည့်ပြီး ဝေဝေ အတော်လေး မယုံနိုင်ဘဲ ပုံထဲမှ ကစ်ကစ်လေးနဲ့ အပြင်က ပေါင် ၉၀ ကျော်ကျော်သာရှိသည့် ဆရာမသဇင်ကို နှိုင်းယှဉ်ကြည့်ပြီး ဒီအဆောင်က ကျောင်းသားတွေရဲ့ ဆိုးချက်ကို လက်လှန်သွားသည်..။

🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi) Where stories live. Discover now