🔸ထောင့်ငါးရာ ရင်ခွင်#အပိုင်း(၆)
နာလား? အရမ်းဘဲ နာသွားလားဟင်း..ကိုနေမာန်ထက်ဇေ "
ကိုင်လာသည့် ဒတ်စတာဖြင့် ခေါင်းကို ဒေါသထွက်ထွက်နှင့် ခေါက်ပစ်လိုက်၍ လက်မနာသားလေးသည်လည်း ထိုင်ရာကနေ ဖြတ်ခနဲ့ ထလာသည်မှာ ဝေဝေနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားကာ ဝေဝေကို အစိမ်းလိုက် ဝါးစား မတတ် အံ့ကိုတင်းကြိတ်ထားကာ ကြည့် လာသည်။
" ဘာလဲ? ငါ့ကို ထိုးချင်လို့လား? ဟုတ်လား? မင်းကို ကလေးဆိုပြီး ငါ သည်းခံ ပေးနေတာ ယောင့်မတက်လာနဲ့! မင်း အပြစ် မရှိဘဲ ငါက ခုလို လုပ်ရတာလား? မင်းထက်ငါ ပိုမိုက်.. "
" ဒုန်းးးဒုန်းးး"
"........."ရုတ်တရက် မျက်စိရှေ့ လက်သီးဆုပ်တစ်ဖက် မြောက်တက်လာချိန် ဝေဝေ အထိုးခံရပြီဆိုသည့် အတွေးနှင့်အတူ မျက်စိပါ အားပါးတရ ပိတ်ချလိုက်သည်နှင့် တပြိုင်နက် ကျယ်လောင်သည့် အသံထွက်လာခဲ့သည်..။
ထိုအသံမှာ ဝေဝေမျက်နှာကိုထိုး၍ ထွက်လာသည့်အသံ တော့မဟုတ်ခဲ့ပေ..။ စားပွဲခုံကို နှစ်ဆင့်ထိုးချရာမှ ထွက်ပေါ်လာသည့် အသံနှင့် ပစ္စည်းများ ပြုကျသွားသည့် အသံပင်ဖြစ်သည်..။
" နောက်တစ်ခါကျရင် ကျွန်တော့အသားကို လာမထိပါနဲ့ ! စားပွဲနေရာမှာ Cherr ဖြစ်သွားမယ်! Cherr ဒီကို ရောက်တာ တစ်လကျော်ဘဲ ရှိသေးတယ် ကျွန်တော့် အကြောင်းဘာမှ မသိသေးဘူး...နောက် Cherr သိအောင် သေချာ ပြပေးမယ်.."
".........."
ဝေဝေမှာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေချိန် နေမာန်ထက်ဇေဆိုတဲ့ အဂ္ဂကောင် လေးဟာ လွယ်အိတ်ဆွဲပြီး အခန်းထဲမှ အေးဆေးဆေး ထွက်သွားလေပြီ..။
><><
" ရော့! .."
" ဘာလဲ?"
"ရော့ပါဆို!.."
"ငါ့ကို လာမရှုပ်နဲ့နော် ရွှန်းလဲ့လဲ့ဖြိုး! ဒီမှာ ငါတင်းနေတာနော် "
" အဲ့တော် နင်တင်းတာ ငါနဲ့ ဘာဆိုင်တုံး ပေးနေတာကို အမြန်ယူ.."
"ငါ အကောင်းပြောတုန်း ငါ့မျက်စိ ရှေ့က ဖယ်နော်!.."
" မာန်ကြီး အဲဒါ နင့်ကောင်မ...လေး ပေးခိုင်းလိုက်တာ မေသက်လွင်ဆိုလား ဘာလား နင် မယူချင်လည်းနေ.."
YOU ARE READING
🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi)
Romance🔸ထောင့်ငါးရာ..ရင်ခွင် ဘဝကို အပူအပင်ကင်းကင်း အသက်ရှင်လာတဲ့ မိန်းကလေးတစ်ယောက်~ သူမရဲ့ တပည့်လို့တောင် ဆိုလို့ရနိုင်မည့် လျှိူ့ဝှက်ချက်တွေနဲ့ ပြည့်နက်နေတဲ့ ပေတေတေ ကောင်လေးကိုမှ အရှုးအမူးချစ်မိသွား ပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလာတဲ့အခါ ဝေးသွားခဲ့က...