ထောင့်ငါးရာ ရင်ခွင်
#အပိုင်း (၃)
“ နေမာန် !”
“ ပြော..မင်းအဖေ ဒီမှာရှိတယ် သားကြီး..”
“ ငါအကောင်းပြောနေတာကိုကွာ..လုပ်ပါကွာ နော်..”
“ ဒီတစ်ခါတော့ မရတော့ဘူး..ဟျောင့်)) ကျောင်းလည်း မဆင်းသေးဘူး ”
စာရေးစားပွဲပေါ်မှာ လက်ခုပြီး တစ်စောင်းအိပ်နေရာက စိုင်းခန့်ကြောင့် နေမာန် တခြားတစ်ဖက် ပြန်လှည့် ကာ မှောက်အိပ်နေပြန်သည်။
“ လုပ်ပါ သူငယ်ချင်းရာ ဒီတစ်ခေါက်နောက်ဆုံး ကြိမ်ဘဲ လိုက်ခဲ့ပေးကွာ..မင်းလိုက်ရင် ဟိုအကောင်တွေ လည်း ပါလာမှာ။ တကယ် နောက်ဆုံးကွာ ”
“ နောက်ဆုံး? ဟုတ်လား.. ဟျောင့် စိုင်းခန့် မင်းရဲ့နောက်ဆုံးကြိမ်တွေက ဒါနဲ့ဆို ဘယ်နှစ်ကြိမ်ရှိပြီလဲ..”
“ မင်းကလည်း အဲလိုပြောတော့ ငါအားတောင် မရှိတော့ဘူး ”
မျက်နှာငယ်လေးဖြစ်သွားတဲ့ စိုင်းခန့်ကို ကြည့်ပြီး နေမာန် ‘ကျစ်’ သပ် မိလိုက်သည်။ စိုင်းခန့်ဆိုတဲ့ကောင်က ကိုယ့်ထက် လူကောင်က ပိုကြီးပြီး အသားညိုပြီး ဝဖိုင့်ဖိုင့်ဆိုပေမဲ့ ရန်ဖြစ်ရင် ‘Sun’ အဖွဲ့ထဲမှာ သူနဲ့ ရဲသန့်က အရှေ့ဆုံးက ထွက်ပြေး သည်။
ပြောရမယ်ဆိုရင် ရဲသန့်က ပိုကြောက်တတ်သည်။ အရင်ကတော့ မဟုတ်ပေမဲ့ အကြောင်းတစ်ခုကြောင့် ဒီလိုဖြစ်သွားတယ် ဆိုရမှာပေါ့..။
အဲလို ကြောက်တတ်ပေမဲ့ ဒီနှစ်ကောင်ရဲ့ ဝါသနာက ရန်ပွဲရှာတဲ့ “လောင်းကစား” ။
လောက်ကိုင်မြို့မှာ ပေါလွန်းလှတဲ့ အရာထဲက တစ်ခုပေါ့..။ ခုလည်း ဆယ်တန်းက ကောင်တွေနဲ့ ချိန်းထားတဲ့ ပွဲကို သူ့ကို လိုက်ပေးခဲ့ဖို့ ခေါ်နေသည်။
ပြီးရင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မကျေမနပ်နဲ့ ရန်က ဖြစ်အုံးမယ်..။ ဒီကောင် ဒါကြောင့်လည်း သူ့ကို အပီ ကပ်နေ တာလေ..။ ရန်ဖြစ်ပေးဖို့ အဖော်လိုတာကိုး..။
“ငါ့ရှေ့မှာ အဲ မျက်ခွက် ရှောင်..။”
ခုကလည်း ရန်ဖြစ်ရမှာ ကြောက်လို့ မလိုက်တာမဟုတ်..။နေမာန်ထက်ဇေဆိုတဲ့ သူကိုယ်ပေါ်မှာ သူ့ကြောင့် ရတဲ့ ဒဏ်ရာထက် သူငယ်ချင်းတွေကြောင့်ရတဲ့ ဒဏ်ရာက ပိုများနေသည်။
YOU ARE READING
🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi)
Romans🔸ထောင့်ငါးရာ..ရင်ခွင် ဘဝကို အပူအပင်ကင်းကင်း အသက်ရှင်လာတဲ့ မိန်းကလေးတစ်ယောက်~ သူမရဲ့ တပည့်လို့တောင် ဆိုလို့ရနိုင်မည့် လျှိူ့ဝှက်ချက်တွေနဲ့ ပြည့်နက်နေတဲ့ ပေတေတေ ကောင်လေးကိုမှ အရှုးအမူးချစ်မိသွား ပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလာတဲ့အခါ ဝေးသွားခဲ့က...