Part -12( Uni& Zawgi)

581 17 4
                                    

🔸ထောင့်ငါးရာ ရင်ခွင်

#အပိုင်း (၁၂)

နယ်စပ်ဒေသမြို့‌လေးဖြစ်သည့် လောက်ကိုင်မြို့တွင် ဝေဝေ နေနေတာ ၈ လ နီးပါးကြာခဲ့ပြီ..။

တစ်ပတ်တစ်ကြိမ် ‌ခွင့်ရတိုင်း လောက်ကိုင်မြို့ထဲ ဝေဝေ တစ်ယောက်တည်းဖြစ်စေ ၊ ဆရာမသဇင်နှင့်အတူ ဖြစ်စေ စိတ်ကူးပေါ်ရင် ပေါ်သလိုတော့  လည်ပတ်ဖြစ်ပါသည်။

အထူးသဖြင့် လောက်ကိုင်ကို အလုပ်ကိစ္စ ဘန်းပြပြီး ခဏခဏ ရောက်လာတတ်သည့် စိုင်း‌နှင့် လည်ပတ်ဖြစ်တာက ပိုများပြီး ပိုနှံ့စပ်သည်..။

အဲဒီကတည်းက ဒီလူသားရဲ့ အလိုကို မလိုက်ခဲ့ရင်
ဝေဝေ အပေါ် သူထားတဲ့ ‌စိတ်တို့က တမျိူးတစ်ဖုံ ပြောင်းသွား နိုင်တာကို ကိုယ်က သူငယ်ချင်းဆိုသည့် ခေါင်းစဉ်အောက်မှာ လိုက်လျောပေးခဲ့သမျှဟာ သူ့ကို‌ မျှော်‌လင့်ချက် ပေးမိသလို ဖြစ်ခဲ့သည်လေ..။

ထားပါတော့..။ သူလည်း ဝေဝေဆီ  ဆက်မသွယ်လာတာ လွန်ခဲ့သည့် တစ်လက အရက်မူးပြီး ဖုန်းဆက်ပြီးကတည်းက ဖြစ်သည်..။

ယောကျာ်းတွေများ မိန်းမတစ်ယောက်ရဲ့ အချစ်ကို ရယူဖို့ စိတ်မရှည်လိုက်တာဟု ဟားတိုက်ပြီး လှောင်ချင်မိပါရဲ့..။

ပြောရရင် ဝေဝေဟာ အရမ်းစွဲမက်ဖွယ် ကောင်းလောက်အောင် လှတဲ့ မိန်းကလေးမဟုတ်ပေမဲ့ အများနည်းတူ အချစ်ခံချင်တဲ့ မိန်းကလေးတစ်ယောက်ပါဘဲ..။

ဒါကြောင့်လည်း ဝေဝေကို လွယ်လွယ်ရမှာပါ ဆိုသည့် စိတ်နှင့် လာတဲ့သူဆိုရင်တော့ ပြန်ခေါက် သွားလောက်တဲ့အထိ ‌ဝေဝေရဲ့  နုနယ်လွန်းတဲ့နှလုံးသားကို ခိုင်ခိုင်ခံခံ ကာကွယ်ဖို့အတွက် တန်ပြန် တိုက်စစ်ကို ထိုးမဲ့ မိန်း ကလေးပါ..။

ဒီထဲမှာ စိုင်းလည်းပါခဲ့တော့ စိတ် မကောင်းတော့ ဖြစ်မိသည်..။ စိုင်းအပေါ် မေတ္တာ ရှိနေတာလားဆိုလည်း  
အဲလို မဟုတ်ပြန်ဘူး..။ ဝေဝေအပေါ်  စစ်မှန်တဲ့
မေတ္တာ ပေးနိုင်ခဲ့ရင် ဘယ်သူ့ကိုမဆို ဝေဝေ လက်ခံ
ဖို့ ဝန်မလေးတဲ့သူပါ..။

မိသားစု ဝန်ကို ထမ်းထားရတဲ့ ကိုယ့်အတွက် ကိုယ်
ချစ်ပေးရတာထက် ကိုယ့်ကို အချစ်ပေးမဲ့သူကိုဘဲ
ဝေဝေလိုချင်မိသည်..။

You've reached the end of published parts.

⏰ Last updated: Jun 14 ⏰

Add this story to your Library to get notified about new parts!

🔸 ထောင့်ငါးရာ.. ရင်ခွင် (Uni&Zawgi) Where stories live. Discover now