အခန်း(၇၉၇)

2.1K 62 17
                                    

အခန်း(၇၉၇)

စစ်ပွဲ အစီအစဉ်။ သတိမထားမိသော။







ဤနေရာသို့ လာရာလမ်းတွင် Long Feiye မှာ ဆေးမြို့တော်သို့ စေလွှတ်လိုက်သော အရိပ်အစောင့်တစ်ဦးနှင့် စကားဖလှယ်ခဲ့သည်။ ထိုအချိန်တွင် Baili Mingxiang မှာ သူတို့၏ စကားဝိုင်းမှ တစ်စိတ်တစ်ပိုင်းကို အမှတ်မထင် ကြားလိုက်ခဲ့ရသည်။ ၎င်းတွင် ကွဲပြားသောစကားသုံးခွန်းရှိခဲ့သည်- ၁) ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုပြိုင်ပွဲပြီးနောက်၊ ၂) ဖယ်ရှားပစ်ရန်နှင့် ၃) Gu Beiyue ပင်။

စကားစုများ ပေါင်းစည်းလိုက်လျှင် ကြောက်စရာကောင်းသော ဝါကျတစ်ခုဖြစ်လာလေသည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲအပြီးတွင် Gu Beiyue ကို ဖယ်ရှားလိုက်။

Baili Mingxiang မှာ ထက်မြက်ကာ လျင်မြန်သော မိန်းကလေးတစ်ဦးဖြစ်သောကြောင့် သူမက ဆိုးရွားသော ရှုပ်ထွေးမှုများအား ထိန်းထားရန် သိထားသည်။ စကားမပြောသင့်သော အချိန်များနှင့် မသိသင့်သော ကိစ္စများ ရှိကြောင်း သူမ ကောင်းကောင်းသိထားသည်။ သို့တိုင် ဤတစ်ကြိမ်တွင်တော့ Gu Beiyue မှ ​ပါဝင်နေသည်။ အရှင့်သားချင်ဝမ်နှင့် ထိုအမျိုးသားမှာ နှစ်ယောက်ကြားတွင် လေးစားရတဲ့ဝမ်ဖေးထံမှ လျှို့ဝှက်ထားခဲ့သော  သီးသန့်ဆက်ဆံမှုရှိကြောင်းသာ သူမ သိထားရသည်။ သို့သော် ကျန်သည့် လက်အောက်ငယ်သားများကဲ့သို့ပင် ထိုအမျိုးသား၏ မူလဇစ်မြစ်အား သူမက မသိထားရပေ။ နှစ်ဦးကြားမှ သဘောတူညီချက်မှာ အပြန်အလှန်အကျိုးအမြတ်အတွက်သာ ဖြစ်နေမည်အား သူမ အမှန်တကယ် ကြောက်ရွံ့မိသည်။ ထိုသို့ဆိုလျှင် ချင်ဝမ်၏ ပုံမှန် ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ဖြင့် ဆိုလျှင် ထိုအမျိုးသားမှာ ဆေးမြို့တော်အား အနိုင်ယူပြီးသည်နှင့် Gu Beiyue အား ဖယ်ရှားပစ်နိုင်လိမ့်မည်။

ဆေးမြို့ တော်မှ အဘိုးကြီးဝမ် နှင့်  ဘိုးဘေးကောင်စီမှာ အဆိပ်ဂိုဏ်းနှင့်ပတ်သက်သည့် အဖြစ်အပျက်တွင် သူတို့၏ လက်များအား ရှင်းလင်းစွာပြသခဲ့သည်။နောက်ဆုံးတွင် မိမိလက်ထဲတွင် အာဏာအား ဆုပ်ကိုင်ထားခြင်းသည်သာ အလုံခြုံဆုံးဖြစ်ကြောင်း သက်သေပြနေသည်။ ထို့အပြင် ဓားဂိုဏ်းသခင်မှာ သူမအား ကိုယ်ခံပညာ သင်ပေးခဲ့ချိန်တွင် Gu Beiyue ၏ ဒဏ်ရာများအား ပြောပြခဲ့သည်။ အဘိုးအို၏ အဆိုအရ Gu Beiyue ၏ ဖွဲ့စည်းပုံမှာ သေခြင်းတရားဖြင့် ရင်ဆိုင်ကာ တိုက်ပွဲဝင်နေရသူဖြစ်သည်။ သူက အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်နှင့် ချင်ဝမ်ထက် ပို၍ပင် အားကောင်းလာနိုင်သည်။ သူနှင့် ချင်ဝမ်တို့နှစ်ယောက်လုံးမှာ သာမာန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ နှစ်ယောက်စလုံးမှာ အလွန်ရှုပ်ထွေးကာ ကြောက်စရာကောင်းသော အမျိုးသားများဖြစ်ကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now