အခန်း(၈၆၆)

411 44 9
                                    

အခန်း(၈၆၆)

သူ၏ မခံချင်စိတ်။





တူလေး ပေယွဲ့….

ဘယ်လောက်ရင်းနှီးတဲ့ အခေါ်အဝေါ်လဲ။ တစ်ချိန်က ယို့မျိုးနွယ်မှ အကြီးအကဲ နှစ်ယောက်မှာ သူ့ကို တူညီစွာ ခေါ်ဝေါ်ခဲ့ကြသည်။ Gu Beiyue မှာ မိတ်ဟောင်း ဆွေဟောင်းများအား တန်ဖိုးထား မြတ်နိုးတတ်သူ ဖြစ်သော်လည်း ယခင် ချည်နှောင်မှုမျိုးတော့ မဟုတ်ပေ။ မီးခိုးရောင်ဝတ်ရုံရှည်ကြီးအား ဝတ်ထားသော Bai Yanqing မှာ တံခါးဝတွင်ရပ်နေသည်အား သူက လှမ်းကြည့်လိုက်သည်။ ၎င်း၏ ရိုးရှင်းပြီး သပ်ရပ်မှုများမှာ သူ၏ အပြုံးမျက်နှာနှင့် တွဲထားသည်။သူ၏ အဝတ်အစားများမှာ  အဆင့်အတန်းမြင့်မားသော ခံစားချက်ကို မပေးစွမ်းနိုင်သော်လည်း Gu Beiyue ၏ မျက်လုံးများမှာ အတော်လေး စူးရှလေသည်။ Bai Yanqing အား ​​ပထမညတွင် မြင်တွေ့ရပြီးတည်းက သာမန်လူမဟုတ်မှန်း သူက သိနိုင်သည်။

Gu Beiyue မှာ သူ၏ ကိုယ်ပိုင်အပြုံးလေးများဖြင့် နှုတ်ဆက်စကား ပြန်ပြောကာ လက်အား ယဉ်ကျေးစွာ ဆုပ်ကိုင်လိုက်သည်။ "ဦးလေး ပိုင်။"

“လာ၊ လာ၊ အပြင်မှာထိုင်။ ဦးလေးပိုင် က မင်းအတွက် ဆေးနည်းနည်းတွေ့လာတယ်၊ ကြည့်လိုက်ဦး…." Bai Yanqing မှာ သူ့အား နွေးထွေးစွာ ခေါ်လိုက်သည်။

“ကျွန်တော်က ဦးလေးပိုင်ကို ဒုက္ခပေးမိပြီ။” Gu Beiyue ၏ ရှင်းလင်းသော အသံမှာ သဲလွန်စမရှိဘဲ လျင်မြန်စွာ မှိန်ဖျော့သွားသည့် သရော်လှောင်ပြောင်မှုအရိပ်အမြွက်များနှင့် ထင်ဟပ်နေသည်။ သူက ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့သည့်နေ့တွင်ပင် Bai Yanqing ၏  အစောင့်များမှာ သူ့အား ချက်ချင်း ကယ်ထုတ်လာကြသည်။ နှစ်နာရီပင် မကြာခင် အချိန်တွင် သူက Bai Yanqing အား လူချင်းတွေ့ခွင့်ရခဲ့သည်။ ထိုလူက လေမျိုးနွယ်၏ ၏ခေါင်းဆောင်ဖြစ်ပြီး အဆိပ်တစ်ရာဂိုဏ်း ၏ခေါင်းဆောင်ဟောင်းဖြစ်သည် ။ နှစ်ပေါင်းများစွာ သူက အရိပ်မျိုးနွယ်၏ အမွေခံအား ရှာဖွေနေခဲ့သည်။ အကယ်၍ သူက အဆိပ်ဂိုဏ်း၏ တားမြစ်နယ်မြေတွင် အရိပ်ပညာအား အသုံးချခဲ့သည်အား မတော်တဆ တွေ့ခဲ့ခြင်းကြောင့် မဟုတ်လျှင် သူ့အား မည်သည့်အချိန်မှ တွေ့နိုင်မည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 5Where stories live. Discover now